ယာဉ်လိုင်း လိုအပ်ချက်အရ ရန်ကုန်ဘတ်စ်ကားလိုင်း ၆၉ လိုင်းထိရှိလာမည်
16 Jan 2017 1,367 Views

ရန်ကုန်မြို့ ဘတ်စ်ကားပြေးဆွဲမှု စနစ်အသစ်တွင် ယာဉ်လိုင်းလိုအပ်ချက်အရ ၆၉ လိုင်းထိ ရှိလာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သတင်းရရှိသည်။
ဇန်နဝါရီ ၁၄ ရက်နေ့ထိ ယာဉ်လိုင်း ၆၁ လိုင်းအထိသာ သတ်မှတ်ထားသော်လည်း ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဇန်နဝါရီ ၁၅ ရက်နေ့တွင် ယာဉ်လိုင်းများ လိုအပ်ချက်အရ ပိုမိုတိုလားနိုင်ကြောင်း သိရသည်။ ယာဉ်စီးခများကိုလည်း လမ်းပိုင်းအလိုက် ၁၀၀၊ ၂၀၀၊ ၃၀၀ ကျပ် သတ်မှတ်ထားရာမှ ပုံသေ ၂၀၀ ကျပ်ဖြင့် ပြေးဆွဲရန် ဆုံးဖြတ်ခဲ့ကြပြီး လက်ရှိပြေးဆွဲနေသော BRT Lite ယာဉ်လိုင်းများကိုလည်း ယခင် ၃၀၀ ကျပ် ကောက်ခံနေရာမှ ပုံသေ ၂၀၀ ကျပ်သာ ကောက်ခံရန် ညွှန်ကားထားပြီးဖြစ်ကြောင်း သိရှိရသည်။
Ref:မြန်မာ့အလင်း