အနာဂါတ်တွင် ဒရုံးလူနာတင်ယာဉ်အသုံးပြု၍ ကူညီကယ်ဆယ်မည်
18 Jan 2017 1,572 Views
တက္ကဆက် အခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုက ဒရုန်းလူနာတွင်ယာဉ်ကို အသုံးပြုခြင်းဖြင့် လူနာကို သယ်ယူပို့ဆောင်ရာတွင် အရေးပေါ်လူနာတင်ကား၊ ရဟတ်ယာဉ်တို့ထက် ပိုမိုလျှင်မြန် ချောမွေ့စွာ သယ်ဆောင်နိုင်မည်ဖြစ်ကြောင်း သရုပ်ဖော်ပု့များနှင့် ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ ဒရုံးလူနာတင်ယာဉ် စိတ်ကူးကို ကျန်းမာရေးပစ္စည်းများ အဓိကထားတီထွင်ပံ့ပိုးနေသော Co.Design နည်းပညာကုမ္ပဏီက Body Week ပြပွဲတွင် တင်ပြခဲ့ခြင်းဖြစ်သည်။ ဒရုံးလူနာတင်ယာဉ်ရဲ့ ပုံစံကို ကားတစ်စီး အရွယ်အစားခန့်ရှိသည့် ကွက်ကော်ပတာပုံစံမျိုး ပြုလုပ်မည်ဖြစ်ပြီး GPS စနစ်နှင့် အလိုလျှောက် မောင်းနှင်နိုင်သကဲ့သို့ အဝေးထိန်းစနစ်ဖြင့်လည်း ထိန်းချုပ်မောင်းနှင်နိုင်စေရန် ပြုလုပ်ထားမည်ဖြစ်သည်။ အဆင်း၊ အတက်တွင် အခက်အခဲရှိသည့် အခါမျိုး၌ ပိုင်းလော့က အဝေးထိန်းစနစ်ဖြင့် ကူညီမောင်းနှင်နိုင်ပြီး ပိုင်းလော့တစ်ဦးတည်းဖြင့် ဒရုံးလူနာတင်ယာဉ်အုပ်စုကို ထိန်းချုပ်မောင်းနှင်နိုင်မည်ဖြစ်သည်။
ဒရုံးလူနာတင်ယာဉ် အသုံးပြုခြင်းဖြင့် လမ်းပိတ်စို့မှုကြောင့် အချိန်ကြန့်ကြာခြင်းမရှိသလို နေရာမရွေးလည်း ဆင်းသက်နိုင်သည့်အတွက် လူနာ၏ အသက်ကို ကယ်တင်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေမည်ဖြစ်ကြောင်း သိရှိရသည်။








