BEC-TERO TV

ဒိုင်လူကြီးအား ဆဲဆိုပြီးကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့၍ ရှိုင်းသူရ ဒဏ်ငွေ ၅ သိန်းနှင့် ၁၀ ပွဲပယ်ခံရ

18 Jan 2017     1,377 Views


ဇန်နဝါရီလ ၁၅ ရက်(တနင်္ဂနွေနေ့)က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၁၇မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁) တွင် ချင်းယူနိုက်တက် အသင်းနှင့် ရတနာပုံ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲစဉ်အတွင်း ရတနာပုံအသင်းမှ ယူ ၂၂ လက်ရွေးစင်အသင်းသား ရှိုင်းသူရမှ ဒိုင်လူကြီးအား ဆဲဆိုကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ဒဏ်ငွေ ၅ သိန်းနှင့် ၁၀ ပွဲပယ် ပြစ်ဒဏ်ချမှတ်မှုကို ဇန်နဝါရီ ၁၇ ရက်နေ့က ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါပွဲစဉ်တွင် ၂-၂ဂိုး သရေ ရလဒ်ပေါ်ခဲ့ပြီး ပွဲချိန် ၈၇ မိနစ်၌ ရတနာပုံ အသင်းမှ လှိုင်းဘိုဘိုနှင့် ချင်းယူနိုက်တက်မှ ဒိုဆက်ကီတာတို့ ဘောလုံးယှဉ်လုစဉ် လှိုင်းဘိုဘို လဲကျသွားခဲ့သည်ကို ပြစ်ဒဏ်ဘော သတ်မှတ်ခဲ့ခြင်း မရှိသည့်အတွက် ရှိုင်းသူရက ကွင်းလယ်ဒိုင် ဦးတင်နိုင်ထွေးကို ကိုယ်ထိလက်ရောက် ဆောင့်တွန်းကာ ဆဲဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ အပြုအမူအတွက် ကွင်းလယ်ဒိုင်က ရှိုင်းသူရ အားအနီကတ်ပြသကာ ကွင်းအတွင်းမှ ထုတ်ပယ်ခဲ့သည်။ 
 
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက တာဝန်ကျ ဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်များ၏ အစီအရင်ခံစာများကို ဖတ်ရှုလေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်သည်။ 
 
Credit:ပြည်မြန်မာ

18 Jan 2017     1,377 Views




RELATED

Most Popular of Football

Most Popular of NEWS