BEC-TERO TV

HIV ဗိုင်းရပ်စ် လိုက်လံဖြန့်ဝေ ကူးစက်စေသူ တရားခံပြေးတစ်ဦး ထိုင်နိုင်ငံတွင် ဖမ်းဆီးရမိ

18 Jan 2017     1,320 Views


ထိုင်းနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ် ပျံ့ပွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသူ ချက်နိုင်ငံသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပိုစ့် သတင်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။ 
 
အသက် ၅၂ နှစ်အရွယ် ချက်နိုင်ငံသား “ဇဒန်းနက်ခ် ဖိုက်ဖာ” ဆိုသူဟာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေနဲ့အတူ နိုင်ငံဖြတ်ကျော်ကာ အိတ်ခ်ျအိုင်ဗွီ လိုက်လံဖြန့်ဝေနေတယ်ဆိုတဲ့ ပြစ်မှုတွေနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့က အလိုရှိနေသူတဦးလည်း ဖြစ်ပါတယ်။ တရားခံဟာ အိတ်ခ်ျအိုင်ဗွီ ရောဂါရှိသူဖြစ်ပြီး စောစောပိုင်းကထဲက သူခံစားနေရတဲ့ အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုးကို ထိုင်းအမျိုးသားနှင့် အမျိုးသမီးများစွာ တို့နဲ့ လိင်ဆက်ဆံရာမှတစ်ဆင့် ဖြန့်ဝေကူးစက်စေခဲ့ပြီးပြီ ဖြစ်ကြောင်း ရဲဌါနက ထုတ်ပြန်ခဲ့ပါတယ်။
 
 
ဖိုက်ဖာကို ဝရမ်းပြေးအဖြစ် ကြေညာခဲ့ပြီး အလိုရှိကြောင်း လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေထားခဲ့ပါတယ်။ ဖူခက်မြို့ရှိ တက်စကိုလော့တ်တပ်စ် ကုန်တိုက် ကားရပ်နားစခန်းအနီးတွင် ရဲများကင်းလှည့်နေစဉ် ပြည်သူတစ်ဦးက ဖိုက်ဖာနှင့် ဆင်တူသူတစ်ဦး ဆိုင်ကယ်ရပ်ကာ ကုန်တိုက်ထဲဝင်သွားခဲ့ကြောင်း သတင်းအရ ရဲများက လိုက်လံဖမ်းဆီးရာ အိမ်သာပေါက်မှနေ၍ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ သို့သော် နောက်ထပ် တစ်နာရီအတွင်းမှာပဲ သူငှားနေတဲ့ အိမ်တစ်လုံးမှာ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
 
Source:ဘန်ကောက်ပိုစ့်

18 Jan 2017     1,320 Views




RELATED

Most Popular of International News

Most Popular of NEWS