ကျောင်းသားလေးများကို ဆိုဆုံးမမှု မကျေနပ်၍ ကျောင်းဆရာတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
19 Jan 2017 3,473 Views

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာမှ ကျောင်းဆရာတစ်ဦး ဖြစ်သူ ဦးအောင်ဇင်ထွန်း (၂၇ နှစ်) အား ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက လူနှစ်ဦး စာသင်ကျောင်းတွင် လာရောက် ခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည်။


ဖြစ်စဉ်မှာ ကချင်ကျောင်းသားလေး (၁၀ ဦး) ကျောင်းတက်ပျက်ကွက်ခဲ့သဖြင့် ဆရာဖြစ်သူ ဦးအောင်ဇင်ထွန်းက စာသင်ကျောင်းရှေ့ရှိ နိုင်ငံတော်အလံတိုင်အောက်တွင် စကားဖြင့် ပြောဆိုဆုံးမခဲ့သည်။ ယင်းကဲ့သို့ ပြောဆိုဆုံးမမှုကို မကျေနပ်သဖြင့် KIA သောင်းကျန်းသူဟု ဖော်ပြရေးသားနေသူ နှစ်ဦးက အရပ်ဝတ်ဖြင့် ဦးအောင်ဇာင်ထွန်းအား ကျောင်းတွင် လာရောက်ခေါ်ဆောင်သွားပြီးနောက် နမ္မဖြစ်-ဂျာလယန် လမ်းခွဲတွင် နားထင်ကို သေနတ်ဖြင့်တေ့ကာ ပစ်သတ်သွားခဲ့ကြောင်း သတင်းရရှိသည်။
Source:Xenon Aung Myo Oo







