ဟောင်ကောင်မင်းသား အန်ဒီလော ရိုက်ကွင်းတွင် အပြင်းအထန်ဒဏ်ရာရ
19 Jan 2017 1,900 Views


ဟောင်ကောင် ရုပ်ရှင်စတားတစ်ဦးဖြစ်သူ အန်ဒီလောဟာ ဇန်နဝါရီ ၁၆ ရက်နေ့က ထိုင်းနိုင်ငံကို စီးပွားရေးကြေငြာ တစ်ခုရိုက်ကူးရန် ရောက်ရှိလာခဲပြီး ရိုက်ကွင်းတွင် မြင်းစီးခန်း ရိုက်ကူးနေစဉ် မြင်းပေါ်မှ လိမ့်ကျခဲ့ပြီး မြင်းကန်ခံခဲ့ရသဖြင့် အပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်ခဲ့ရကြောင်း သိရှိရသည်။

ဘန်ကောက်မြို့အနီးရှိ ခိုလတ်မြို့တွင် ကြေငြာရိုက်ကူးနေစဉ် မြင်းပေါ်ကပြုန်ကျခဲ့ပြီး တင်ပါးဆုံရိုး ဒဏ်ရာရရှိပြီး အန်ဒီလောမှာ လုံးဝမလှုပ်နိုင်တာ့ကြောင်း TheStar သတင်းစာတွင် ဖော်ပြခဲ့သည်။







