ကမ္ဘာ့အလေးလံဆုံး အမျိုးသမီးကို ခွဲစိတ်ကုသရန် အိန္ဒိယဆေးရုံတွင် အဆောင်သစ် တည်ဆောက်
19 Jan 2017 1,351 Views

ကမ္ဘာပေါ်မှာ အလေးလံဆုံးအမျိုးသမီးတစ်ဦးလို့ ဆိုရမယ့် “အီမန်အာမက်” ဆိုသူ အီဂျစ်အမျိုးသမီးတစ်ဦးဟာ ကိုယ်အလေးချိန် ၁,၁၀၂ ပေါင်(၅၀၀ ကီလို) လေးလံပါတယ်။ အီမန်ဟာ သူများတွေလိုမဟုတ်ပဲ ကလေးငယ်ဘဝတွေမှာလည်း မပျော်ပိုက်ခဲ့ရပဲ ၃၆ နှစ်လုံးလုံး သူမရဲ့ ဝေဒနာနဲ့ စစ်ခင်းခဲ့ရသူပါလို့ ညီမငယ် ရှီမာက ပြောဆိုခဲ့ပါတယ်။

အီမာဟာ ဆယ်စုနှစ် နှစ်ခုစာလောက် အိပ်ယာထဲမှာပဲ နေခဲ့ရပြီး လှုပ်လည်း မလှုပ်ရှားနိုင် စကားလည်း မပြောနိုင်ပဲ နေအိမ်မျက်နှာကျက်ကိုသာ စိုက်ကြည့်နေခဲ့ရသူဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာရဲ့ ကျေးဇူးကြောင့် အီမာကို ခွဲစိပ်ကုသပေးဖို့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့က ခွဲစိတ်ပါရဂူ ဒေါက်တာ မက်ဖာဇယ် လက်ဒါဝါလာက အီမာကို အိန္ဒိယနိုင်ငံကို လာဖို့ ဦးဆောင်စီစဉ်ခဲ့ပါတယ်။ ခွဲစိတ်မှုလုပ်ငန်းစဉ်များအရ သူမကို ပေါင် ၂၀၀ အောက်ရောက်အောင် လုပ်ပေးဖို့ အစီစဉ်တွေရှိပါတယ်။

အီမာကို မွေးဖွားစဉ်တုန်းက အလေးချိန် ၁၁ ပေါင်ရှိပြီး အသက် ၁၁ နှစ်လောက် အရောက်မှာ သူမရဲ့ ကိုယ်အလေးချိန်တွေ တစ်ဆထက် တစ်ဆတိုးလာပါတယ်။ သူမ ၅ တန်းရောက်တဲ့အခါမှာတော့ ကျောင်းကထွက်ခဲ့ပါတယ်၊ ကြီးထွားလာတဲ့ ခန္ဓာကိုယ်အလေးချိန်ကြောင့် သူမဟာ လှုပ်ရှားချင်စိတ်တွေ နည်းပါးလာတာကြောင့်ပါ။ ခြေထောက်တွေကလည်း ခန္ဓာကိုယ်ကိုမသယ်နိုင် မတ်တပ်တောင် မရပ်နိုင်တော့တဲ့အတွက် တစ်နေရာကနေ တစ်နေရာကို သွားဖို့ ဒူးတွေနဲ့ပဲ တွန်းသွားခဲ့ရပါတယ်။

အီမန်က သိုင်းရွိုက်နဲ့ နှလုံးရောဂါလက္ခဏာတွေ ခံစားနေရတာကြောင့် ဒီရောဂါတွေကို ဆက်လက်ကုသဖို့ ခြောက်လလောက် ဆက်နေရဦးမှာဖြစ်တဲ့အတွက် ကိုယ်အလေးချိန်များလှတဲ့ အီမန်လှုပ်ရှားသွား လာရလွယ်ကူအဆင်ပြေစေဖို့ သီးသန့် အဆောင်သစ် တစ်ခုကို မွမ်ဘိုင်းမြို့က ဆိုင်ဖီ ဆေးရုံမှာ ဆောက်လုပ်ပေးနေပါတယ်။ စတုရန်း ပေ ၃၀၀၀ကျယ်ဝန်းပြီး ရူပီးငွေ သန်း၂၀ (ဒေါ်လာ ၂၉၃၇၆၂) အဆောင်သစ်အတွက် ကုန်ကျမှာဖြစ်ပါတယ်။
အန္ဒိယနိုင်ငံသွားဖို့ ဗီဇာလျှောက်ရာမှာ ကိုယ်နိုင်မလာရောက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အီမာရဲ့ ဗီဇာ ငြင်းပယ်ခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဒေါက်တာ မက်ဖာဇယ် ကိုယ်တိုင် အိန္ဒယသံရုံးကို စာရေးပြီး အကျိုးအကြောင်းရှင်းပြခဲ့မှသာ ဗီဇာရရှိခဲ့ပါတယ်။ သူမဟာ ဗုဒ္ဓဟူးနေ့က ဗီဇာထုတ်ယူခဲ့ပြီး သူမရဲ့အနာဂါတ်အတွက် အကောင်းအမြင်နဲ့ မျှော်လင့်နေပါတယ်။
Source:CNN