တစ်ပြိုင်နက်ထဲ သရဲပူးခံရတဲ့ စုံတွဲကို ဘုရားကျောင်းထဲ တရွတ်တိုင်ဆွဲသွား
20 Jan 2017 1,606 Views
အသက် ၁၈ နှစ်အရွယ် လူငယ်နဲ့ သူ့ရဲ့ရည်းစား အသက် ၁၆ နှစ်မိန်းကလေးတို့ နှစ်ဦးစလုံးကို တစ်ပြိုင်နက်ထဲ သရဲဝင်ပူးခဲ့ပြီး ဆောက်တည်ရာမရ မြေပြင်ပေါ်လူးလှိမ့်ကာ အသံနက်ကြီးဖြင့် အော်ဟစ်နေခဲ့ကြတဲ့ ဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပါတယ်။
သရဲပူးခံထားရတဲ့ ကောင်လေးက သူ့ကိုယ်သူ ဘယ်နေရာရောက်နေတယ်ဆိုတာကို မသိတော့သလို ကောင်မလေးကလည်း စုန်းမတစ်ယောက် သူတို့အခန်းထဲဝင်လာတယ်လို့ အော်ဟစ်ပြီး အလွန်အမင်း ကြောက်လန့်နေပုံ တွေ့ရပါတယ်။ သူတို့နှစ်ဦးကို မိဘတွေက တရွတ်တိုက်ဆွဲကာ အနီးနားက ဘုရားကျောင်းထဲကို ပို့ခဲ့ပါတယ်။ ဘုရားကျောင်းထဲရောက်မှသာ နှစ်ဦးစလုံး ငြိမ်သက်သွားခဲ့ကြပါတယ်။








