ရဲလေးနဲ့ ကြိုက်နေကြပြီလားလို့ အမေကိုယ်တိုင် မေးရတဲ့ နင်ဇီမေ
23 Jan 2017 1,601 Views
Myanmar Idol Season 1 ပြိုင်ပွဲမှာ အသံပါဝါကောင်းကောင်း၊ ဆိုဟန်တစ်မျိုးလေးနဲ့ ပရိသတ်တွေရဲ့ အားပေးမှု ရရှိခဲ့တဲ့ “နင်ဇီမေ” ဟာ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေခဲ့ပါပြီ။ အဆိုတော်လည်းဖြစ် Myanmar Idol Season 1 ရဲ့ ဒိုင်တစ်ဦးလည်း ဖြစ်ခဲ့တဲ့ ရဲလေးရဲ့ သီချင်းအသစ် “ဟိုအရင်လို” မှာ စုံတွဲပါဝင်သီဆိုခဲ့တဲ့ နင်ဇီမေတစ်ယောက် အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အောင်မြင်မှုနဲ့အတူ ရဲလေးနဲ့ ချစ်နေကြပြီ ဆိုတဲ့ သတင်းထွက်လာပြီး အမေနဲ့ အစ်မဖြစ်သူကတောင် “ကိုရဲလေးနဲ့ ကြိုက်နေတယ်ဆိုတာ တကယ်လား..?” လို့ မေးခံရတဲ့ အထိပါ။
ဂီတလမ်းကြောင်းကိုပဲ အာရုံစိုက်နေတဲ့ နင်ဇီမေက အချစ်ရေးကတော့ အေးဆေးပါပဲလို့ ပြန်ပြောခဲ့ပါတယ်။ Facebook မှာ ပရိသတ်တွေက ပြောနေကြတဲ့အတွက် အမေနဲ့ အစ်မကတောင် အမှန်ပဲလားလို့ ပြန်မေးယူနေရပါတယ်။ ဒီလိုမေးခံလိုက်ရတဲ့အတွက် အရမ်းအံ့သြခဲ့ရတယ်လို့ ဆိုပြီး ကိုရဲလေးဟာ သူမရဲ့ ဆရာလို၊ စီနီယာလိုပုံစံမျိုးနဲ့ ပက်သက်မှုသာရှိတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
Source:Oasis





