BEC-TERO TV

အသက်တစ်နှစ်လိုသွားလို့ ထောင်ကျခဲ့ရတဲ့ ကလေးသုံးယောက်မိခင်

23 Jan 2017     1,327 Views


ကနေဒါနိုင်ငံမှ အသက် ၂၃ နှစ်အရွယ် ကလေးသုံးဦး၏ မိခင်ဖြစ်သူ ကာရင်းဟာ အပျော်စီးသင်္ဘောပေါ်မှာ ဆုံခဲ့တဲ့ ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်နဲ့ လိင်ပျော်ပါးခဲ့တဲ့အတွက် ဘဟားမတ်စ်ထောင်မှာ နှစ်ပတ်ကြာ အချုပ်ကျခဲ့ပါတယ်။
 
လူငယ်အသုံးအဆောင်ပစ္စည်း အရောင်းကိုယ်စားလှယ် ကာရင်းဟာ အရောင်းစံချိန်ပြည့်မိတာကြောင့် သူဌေးဖြစ်သူက ဆုချတဲ့အနေနဲ့ အပျော်စီးသင်္ဘောခရီးစဉ်ကို စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီ ၅ ရက်နေ့က ကယ်ရင်းဟာ အပျော်စီးသင်္ဘောပေါ်က လောင်းကစားဝိုင်းခန်းမမှာ မုတ်ဆိပ်မွှေးရှိတဲ့ အရပ် ၆ ပေလောက်ရှိတဲ့ လူငယ်နဲ့ ဆုံခဲ့ပြီး လူငယ်က အသက် ၁၈ နှစ်ရှိပြီလို့ မိတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက် သူတို့နှစ်ဦး ပိုမိုနီးနီးကပ်ကပ်ရှိသွားပြီး သန့်စင်ခန်းထဲမှာ လိင်ဆက်ဆံခဲ့ကြပါတယ်။
 
 
ကံဆိုးစွာနဲ့ပဲ ကောင်းလေးရဲ့ မိခင်က သူတို့နှစ်ဦးကို မိသွားခဲ့ပြီး ရဲတိုင်ခဲ့ပါတယ်။ သင်္ဘောဟာ ဘဟားမားစ်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားစဉ်ဖြစ်ပြီး ဘဟားမားစ် ဥပဒေအရ အသက် ၁၆ နှစ်ပြည့်မှ လိင်ဆက်ဆံခွင့်ရှိတဲ့အတွက် သူမဟာ အသက်မပြည့်သေးသူနဲ့ လိင်ဆက်ဆံခဲ့မိတဲ့အတွက် နှစ်ပတ်အချုပ်ကျခဲ့ပါတယ်။ ကာရင်းဟာ ၃နှစ်၊ ၄နှစ်နဲ့ ၅နှစ်အရွယ် သမီးသုံးယောက်ရဲ့ မိခင်ဖြစ်ပါတယ်။
 

23 Jan 2017     1,327 Views




RELATED

Most Popular of Special or Others

Most Popular of NEWS