BEC-TERO TV

ဘီကီနီမယ်တွေရဲ့ ဂေါက်ရိုက်ဓာတ်ပုံတွေကြောင့်

23 Jan 2017     1,536 Views


ဂေါက်သီးအားကစားဟာ ကမ္ဘာနိုင်ငံတစ်ဝှမ်းမှာ ခေတ်စားနေတဲ့ ကစားနည်းဖြစ်ပြီး၊ မြင့်မားတဲ့ ဆုကြေးနဲ့ ကြီးမားတဲ့ Tour ပြိုင်ပွဲတွေကြောင့် ပြိုင်ပွဲဝင်သူတွေကြားမှာလည်း ပြိုင်ဆိုင်မှုတွေ ပြင်းထန်သလို၊ အားပေးတဲ့ ပရိသတ်လည်း အခိုင်အမာ ရရှိနေတဲ့ အားကစားနည်း ဖြစ်ပါတယ်။ အများအားဖြင့်တော့ ဂေါက်ရိုက်တဲ့ အ၀တ်အစားဟာ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် ဘောင်းဘီရှည်၊ အကျီ လက်ရှည်အကြပ်ကို အပေါ်ကနေ စပို့ရှပ် ထပ်ဝတ်ပြီး၊ နေကာဦးထုတ်၊ မျက်မှန်၊ လက်အိတ် အစရှိတဲ့ အသုံးဆောင်တွေဟာ တစ်လျှောက်လုံး လက်ခံလာကြတဲ့ ဂေါက်ရိုက်ဝတ်စုံတွေ ဖြစ်ပါတယ်။ 1990 နောက်ပိုင်မှာတော့ အမျိုးသမီးတွေဟာ စကပ်တိုတိုလေးတွေနဲ့ ဂေါက်ဖက်ရှင်ကို ပြောင်းလဲခဲ့ကြပါတယ်။ 1960 မတိုင်ခင်အထိတုန်းကတော့ ဂေါက်သမားတွေဟာ ဘောင်းဘီပွပွကြီးတွေ၊ ကိုယ်ကြပ်အင်္ကျီတွေကို အသုံးပြုခဲ့ကြပါတယ်။

1970 ခုနှစ်နောက်ပိုင်းတွေမှာတော့ ဘောင်းဘီအတိုကိုလည်း ၀တ်ဆင်လာခဲ့ကြသလို၊ တစ်ချို့ အမျိုးသမီး ဂေါက်သီးမယ်တွေက လိုအပ်တာထက် ပိုပြီးတိုတဲ့ ဘောင်းဘီတွေကြောင့် တကယ့် ပြိုင်ပွဲတွေမှာတော့ တားမြစ်တာမျိုးတွေ ရှိခဲ့ပါတယ်။ အဲဒီနောက် အမျိုးသမီးတွေဟာ ဒူးကျော်ကျော်လောက်ရှည်တဲ့ စကပ်ရှည်ရှည်တွေနဲ့ လှပတဲ့ ဖတ်ရှင်ကို ဆန်းသစ်ခဲ့ကြပြပါတယ်။

1980 ၀န်းကျင်မှာတော့ ဂေါက်သီးဖတ်ရှင်လောက တစ်ခေတ်ဆန်းခဲ့ပြီး၊ အမျိုးသားတွေ အဖြူရောင်များများပါတဲ့ အ၀တ်တွေကို ဦးစားပေးဝတ်ဆင်ခဲ့ကြပြီး၊ အမျိုးသမီးတွေကတော့ ယခုခေတ် တင်းနစ်မယ်တွေ ၀တ်လေ့ရှိတဲ့ စကပ်တိုတို၊ အင်္ကျီလက်ပြတ် ကြပ်ကြပ်တွေကို ၀တ်ဆင်ခဲ့ပါတယ်။ အဲဒီနောက် အမျိုးသားတွေ ဖတ်ရှင်က အပြောင်းအလဲ အများကြီး သိပ်မသိသာခဲ့ပေမယ့် အမျိုးသမီးတွေကတော့ ပြောင်းလဲရင်း ပြောင်းလဲခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ ဂေါက်ရိုက်ဖက်ရှင်ဟာ အတည်တကျလို့ ပြောလို့ မရတော့ဘဲ၊ မိမိတို့ ပေါ့ပေါ့ပါးပါးနဲ့ Sexy ကျမယ့် အ၀တ်အစားမျိုးကိုသာ သင့်တော်သလို ရွေးချယ်ဝတ်ဆင်လာခဲ့တာကို တွေ့ရပါတယ်။

အခုတော့ အမေရိကားမှာ ဖွင့်လှစ်တဲ့ ဂေါက်သင်တန်းမှာ တက်ရောက်ခဲ့တဲ့ အမျိုးသမီးတွေဟာ ဘီကီနီအများစုကိုသာ ၀တ်ပြီး လက်တွေ့လေ့ကျင့်ခန်းတွေ လုပ်ပြခဲ့တာမို့ လူထုရဲ့ စိတ်ဝင်စားမှုကို ရခဲ့ပါတယ်။ တစ်ချို့က မော်ဒယ်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနေကြသူတွေမို့ သူတို့တစ်တွေ ၀တ်ထားတဲ့ ဘီကီနီဂေါက်ရိုက်ဝတ်စုံဟာ ပေါက်မြောက်ခဲ့တယ် ဆိုရမှာပါ။ မိုဒယ်အဖြစ် လူသိများထင်ရှားနေတဲ့ McKenzie O’Connell လည်း အဆိုပါ သင်တန်းကို တက်ရောက်ခဲ့ပြီး အင်စတာဂရမ်မှာ ပုရိသတ်ထောင်ချီ စုဆောင်းနိုင်ခဲ့တဲ့အထိ ဂေါက်ဝတ်စုံအသစ်က အောင်မြင်ခဲ့ပါတယ်။ အချို့က မော်ဒယ်လုပ်ပြီး စားမနေနဲ့တော့ ဂေါက်သာ ရိုက်စားပေတော့လို့ မြှောက်ပေးခဲ့ပါသေးတယ်။

Kayla Needham ရဲ့ အင်စတာဂရမ်မှာလည်း ပရိသတ်တွေ ပွက်ပွက်ညံခဲ့ပြီး၊ သူမရဲ့ တည်ငြိမ်တဲ့အလှနဲ့အတူ၊ တင်းရင်းတဲ့ ခန္ဓာကိုယ်အလှတွေကြောင့် ဂေါက်ဝတ်စုံအသစ်ဟာ အနာဂတ်မှာ ဂေါက်သီးလောကရဲ့ စပွန်စာနဲ့ ကြော်ငြာဝင်ငွေတွေ တစ်ဟုန်ထိုး တိုးပွားစေမယ့်အချက် ဖြစ်နိုင်မလားဆိုတာ စဉ်းစားရမယ့် အချက် ဖြစ်လာပါလိမ့်မယ်။

Credit : shwemom


23 Jan 2017     1,536 Views




RELATED

Most Popular of International News

Most Popular of NEWS