BEC-TERO TV

ခွေးကလေးကို အရှင်လတ်လတ် ရင်ခွဲသည့်ရုပ်သံ လူမှုကွန်ရိုက်တွင် တိုက်ရိုက်လွှင့်ခဲ့သူ

23 Jan 2017     1,417 Views


တရုပ်နိုင်ငံတွင် လူသုံးများလှသည့် Weibo လူမှုကွန်ယက်ပေါ်တွင် ခွေးသားလေးတစ်ကောင်အား ကြိုးနှင့်တုပ်နှောင်စည်းကာ ဓါးဖြင့်ရက်ရက်စက်စက် အရှင်လတ်လတ် ရင်ခွဲပြသည့် ဗီဒီယိုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ယခုလိုပြုလုပ်ရခြင်းဟာ လက်စာချေခြင်းဖြစ်တယ်လို့ ကျူးလွန်ခဲ့သူ တစ်ရုပ်အမျိုးသားတစ်ဦးက ပြောထားခဲ့သည်။
 
 
လွန်ခဲ့တဲ့ နိုဝင်ဘာလတွင် လူတစ်ဦးက အသည်းအသန်ဖြစ်နေသော ဆွေမျိုးတစ်ဦးထံသို့ လူနာမေးရန် သွားရောက်ခဲ့ရာတွင် အမြန်လမ်းမတစ်နေရာ၌ တိရိစ္ဆာန်ကယ်တင်ရေးကားကြောင့် လမ်းပိတ်မိနေခဲ့ပြီး ဆေးရုံသို့ နာရီဝက်ခန့် နောက်ကျပြီးရောက်သွားရာ လူနာကို အသက်မမီခဲ့ခြင်းအတွက် တိရိစ္ဆာန်ချစ်တတ်သူများကို ပစ်တင်ဝေဖန်ခဲ့ပြီး တစ်ခုခုပြန်ပေးရမယ်ဟု ကျိမ်းမောင်းခဲ့သည်။ 
 
 
ညီအစ်ကို ခွေးလေးနှစ်ကောင်၏ ပုံကိုတင်ခဲ့ပြီး တစ်ကောင်ကတော့ အိမ်မွေးတိရိစ္ဆာန်ရောင်းတဲ့ဆိုင်ကို ပို့မယ်၊ နောက်တစ်ကောင်ကတော့ ပွဲခံရမှာပေါ့ဟု ရေးသားခဲ့သည်။ ထို့နောက် ကြိုးကွင်းစွပ်တန်းလန်းနဲ့ ခွေးငယ်လေးပုံကို ထပ်မံ၍ တင်ခဲ့ပြီး ဒီထက်ပိုပြီး နာကျင်စရာတွေ လာတော့မယ်ဟု ရေးသားခဲ့သည်။
 
 
နောက်တစ်ရက်မှာတော့ ခွေးလေးကို ပက်လက်အနေအထားနဲ့ ချည်နှောင်ထားပြီး ခွဲစိတ်ခန်းသုံးဓါးကို သုံးကာ အရှင်လတ်လတ် ရင်ခွဲပြခဲ့သည်။ ထိုသူ၏ ရက်စက်လှသော လုပ်ရပ်ကြောင့် လူမှုကွန်ယက်တစ်ခုလုံးက ဒေါသအမျက်ချောင်းချောင်းထွက်ခဲ့ကြသော်လည်း တရုပ်နိုင်ငံတွင် တိရစ္ဆာန်များကို ရင်ခွဲပြီး တိုက်ရိုက်ထုတ်လွှင့်ပြသမှုအတွက် အရေးယူရန် ဥပဒေမရှိသေးည့်အတွက် ထိထိရောက်ရောက် တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပေ။
 

23 Jan 2017     1,417 Views




RELATED

Most Popular of Special or Others

Most Popular of NEWS