BEC-TERO TV

အမြန်လမ်းပေါ်တွင် မီးလောင်သေဆုံးခဲ့ကြရသူ (၈)ဦးအတွက် ဖြတ်သန်းသွားလာသူများ ဆုတောင်းမေတ္တာပို့

23 Jan 2017     1,416 Views


ဇန်နဝါရီ ၂၁ ရက်နေ့က အမြန်လမ်း မိုင်တိုင် ၄ မိုင် ၂ ဖာလုံတွင် ယာဉ်မတော်တဆမှုကြောင့် မီးလောင်သေဆုံးခဲ့ကြရသူ (၈)ဦးရဲ့ သတင်းဖြစ်စဉ်က အဆိုရွားဆုံး အဖြစ်အပျက် ဖြစ်သဖြင့် ဤသတင်းကြားရသူတိုင်းက ဖြစ်မှဖြစ်ရလေဟု စုတ်တသပ်သပ်ဖြင့် စိတ်မကောင်းဖြစ်လျှက်နေကြသည်။
 
သေဆုံးခဲ့သူများနှင့် ယခင်က ခင်မင်ရင်းနှီးမှု မရှိခဲ့ကြသည့်တိုင် သူတို့၏ လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ဝမ်းနည်းကြောင်း ရေးသားခဲ့မှုများ တွေ့ရှိနေရဆဲဖြစ်သည်။
 
 
ထို့အပြင် အမြန်လမ်းမှ ဖြတ်သန်းသွားလာသူ အချို့ကလည်း ထို ၄ မိုင် ၂ ဖာလုံနေရာလေးအရောက်တွင် ကားပေါ်မှဆင်းကာ အမျှအတန်းပေးဝေခြင်း၊ ပန်းပွင့်လေးများ ကြဲချသွားကာ ကောင်းရာမွန်ရောက် ရောက်စေကြောင်း ဆုမွန်ကောင်း တောင်ပေးနေကြကြောင်း Zaw Naing ဖေ့စ်ဘုတ်အကောင့်တွင်ရေးသားထားခဲ့သည်။
 
 
 
 
 
 
ကိုဇော်နိုင်ကိုယ်တိုင်လည်း သံဃာတော်များကို ပင့်ဖိတ်ကာ ၄ မိုင်၂ ဖာလုံနေရာတွင် ကွယ်လွန်ခဲ့သူများအတွက် လှူဖွယ်ပစ္စည်းများနှင့် ရေစက်ချအမျှအတန်းပေးဝေခဲ့ကြောင်း အမျညးသူငှာ သာဓုခေါ်ဆိုနိုင်ရန် သူ၏လူမှုကွန်ယက် စာမျက်နှာတွင် အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့သည်။
 
ဘုရားတွေ လှူပြီးတော့ အပြန် အမြန်လမ်း မိုင်တိုင်- ၄/၁ ကို ဝင်ရောက်ပြီး မီးလောင်သေဆုံးခဲ့ကြသူ ( ၈ ) ဦးအတွက် ရည်စူးရည်မှန်းပြီး သင်္ကန်း- ဖိနပ် အစရှိသော လှူဖွယ်ပစ္စည်းများကို လှူဒါန်းခြင်း အမြန်လမ်းတလျှောက် သေဆုံးသူများအားလုံကို ပင့်ဖိတ်၍ ရည်စူးလှူဒါန်းခြင်း- တရားနာ မေတ္တာသုတ်များ ရွတ်ဖတ်ပေးခြင်း၊ ဘုရားများ လှူဒါန်းပြီးသမျှ၊ ၂၀၁၆ အတွင်း လှူဒါန်းပြီးသမျှ အလှူအားလုံးကို အမျှပေးဝေခြင်းများကို လှူဒါန်းဆောင်ရွက်ပေးခဲ့ပါတယ်။
-
အားလုံး ကောင်းရာမွန်ရာကို ရောက်ကြပါစေ ကြားရာအရပ်မှ သာဓုခေါ်ဆိုကြ၍ ပိုမိုကောင်းမွန်သော ဘုံဘဝများကို ရရှိနိုင်ကြပါစေ ယခုလို အဖြစ်ဆိုးမျိုးမှ ဘဝဆက်တိုင်း ကင်းဝေးကြပါစေ လို့ဆုတောင်း မေတ္တာများ ပို့သခဲ့ပါတယ်။
-
အမျှဝေနေစဉ် ကားတစီးရောက်လာပြီး ပန်းတွေ ချသွားပါတယ်၊ အားလုံး ပြီးလို့
ပြန်ထွက်မယ့်အချိန်မှာ သေဆုံးခဲ့သူ တစ်ဦးရဲ့ ခင်ပွန်း+ သူငယ်ချင်းအဖွဲ့ ရောက်ရှိလာပါတယ်
-
သေဆုံးခဲ့သူတွေထဲက မိသားစုဝင်တွေလားလို့ ကျွန်တော်ကို မေးတော့ ချက်ချင်းပဲ ပြန်ဖြေ
မိတယ်- သေဆုံးခဲ့သူများကို သိလဲမသိ မြင်ဖူးခြင်းလဲ မရှိ၊ သတင်းကြားသိရုံ သက်သက်ပါပဲ။
သတင်းကြားပြီး စိတ်မကောင်းလို့ပြုလုပ်ပေးခြင်းပါ။
အကျွတ်အလွှတ်အလှူမှာ လုပ်နေကြအတိုင်း ပင့်ဖိတ်လှူဒါန်းခဲ့ခြင်းပါ။
ဘဝများစွာ မိသားစုများစွာ ငြိမ်းချမ်းသာယာခြင်းရှိကြပါစေ
-
ချစ်ခြင်းအားဖြင့်
Zaw Naing
22-1-2017
အမြန်လမ်း မိုင်တိုင် ၄/၁
 
 

23 Jan 2017     1,416 Views




RELATED

Most Popular of Special or Others

Most Popular of NEWS