BEC-TERO TV

အစားအသောက် မစွံကြောင်းပြောမိသည့် စားသုံးသူကို စားဖိုမှူးမှ ငရုတ်သီးမှုန့်နှင့်ပက်သဖြင့် မျက်စိကွယ်

24 Jan 2017     1,268 Views


အင်္ဂလန်နိုင်ငံရှိ အိန္ဒိယစားသောက်ဆိုင်တစ်ခုတွင် အစားအသာက်အဆင်မပြေကြောင်း ပြောဆိုမိတဲ့ စားသုံးသူကို စားဖိုမှုးမှ ငရုပ်သီးမှုန့်များနှင့် ပက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး မျက်လုံးကွယ်နိုင်တဲ့ အခြေနေထိ ဖြစ်ခဲ့ရပါတယ်။
 
 
ပြီးခဲ့တဲ့ စနေနေ့က “Prince of Bengal” အမည်ရှိ အိန္ဒိယစားသောက်ဆိုင်တွင် လင်မယားနှစ်ဦးဖြစ်သည့် ဒေးဗစ်အီဗန် (၄၆ နှစ်) နှင့် မီရှယ်လ် (၄၇ နှစ်)တို့ ညစာသွားရောက် သုံးဆောင်ရာတွင် စားပွဲထိုးမှ စားသောက်ရတာ အဆင်ပြေရဲ့လားဟု ဝန်ဆောင်မှု ထုံစံအရ မေးမြန်ခဲ့ရာ၊ သူတို့က အသားတွေက ရာဘာလို မာနေလို့ စားရတာ အဆင်မပြေကြောင်း ပြောဆိုခဲ့ပါတယ်။ 
သူတို့နှစ်ဦးဟာ ပထမဆုံး စစားခဲ့တဲ့ အစားအသောက်ထဲက အဆင်မပြေခဲ့ပေမယ့် ဘာမှမပြောပဲ အဆင်ပြေသလို ကုန်အောင် စားခဲ့ကြပါတယ်။ အဓိကအစားအစာ ရောက်လာချိန်မှာ စားကြည့်တဲ့အခါ အဆင်နပြေဖြစ်နေချိန် စားပွဲထိုးကလည်း လာရောက်မေးမြန်းတဲ့အတွက် အမှန်အတိုင်း ပြောပြလိုက်တာဖြစ်ပါတယ်။
 
 
ဒီသတင်းက မီးဖိုဆောင်ထဲက စာဖိုးမှုးထံရောက်သွားခဲ့ပြီးနောက် စားဖိုမှူးထွက်လာကာ သူတို့စုံတွဲအား စားထားတာတွေ မရှင်းချင်တိုင်း ပေါက်ကရတွေ လျှောက်မပြောနဲ့လို့ ရိုင်းပြခက်ထန်စွာ အော်ကြီးဟစ်ကျယ် ရန်တွေ့ခဲ့ပါတယ်။ သူတို့နှစ်ဦးကလည်း ကျန်တာတွေကို ဆကိစားချင်ပေမယ့် တစ်ကယ့်ကို စားလို့မရကြောင်း ပြန်ပြောတဲ့အခါမှာတော့ စားဖိုမှူးက အမျိုးသမီးဖြစ်သူကို ကျိန်စာတိုက် ရေရွတ်ဆဲဆိုခဲ့ပါတယ်။ အမျိုးသားဖြစ်သူက ဝင်တားတဲ့အခါ ခတ္တမျှငြိမ်သွားပြီး မီးဖိုဆောင်ထဲပြန်ဝင်သွားခဲ့ပါတယ်။ ယောက်ျားဖြစ်သူက စာဖိုမှုးနောက်လိုက်သွားပြီး ပြောခဲ့ဆိုခဲ့တာတွေကို ပြန်တောင်းပန်ဖို့ လိုက်ပြောတဲ့အချိန်မှာ စားဖိုမှူးက ငရုပ်သီးမှုန့်တွေ အပြည့်ထည့်ထားတဲ့ ပန်ကန်လုံးကို ယူကာ မျက်နှာကို လှမ်းပက်ခဲ့ခြင်းဖြစ်ပါတယ်။
 
 
အဲဒီအချိန်မှာ ဆိုင်ဝင်ထမ်းတွေ တစ်ယောက်မှ ဝင်ရောက်ကူညီခြင်းမရှိပဲ သူတို့ လင်မယားနှစ်ဦး သန့်စင်ခန်းထဲ ဝင်ကာ မျက်လုံးတွေကို ဆေးကျောခဲ့ပေမယ့် ပြင်းထန်လှတဲ့ ငရုပ်သီးမှုန့် အပူကြောင့် မျက်စိနှစ်လုံး လုံးဝ  ဖွင့်လို့ မရတော့ သလို ငရုပ်သီးမှုန်း စင်ခဲ့တဲ့ ရင်ဘတ်နဲ့ လက်ပေါ်မှာလည်း အပူလောင်ခံခဲ့ရပါတယ်။ ရဲနဲ့ လူနာတင်ကားရောက်လာခဲ့ပြီး ဆေးရုံကို အရေးပေါ် တင်ပို့ခဲ့ရပါတယ်။ မျက်လုံးထဲက ငရုပ်သီးမှုန့်တွေ ကုန်စင်အောင် မျက်လုံးကို ပိုက်တပ်ပြီး ဆေးကြောကာ အထူးကြပ်မတ် ကုသမှုခံယူနေရဆဲဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ကတော့  Prince of Bengal အိန္ဒိယစားသောက်ဆိုင်ကို အရေးယူဖို့ စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။
 
source:mailonline

24 Jan 2017     1,268 Views




RELATED

Most Popular of Special or Others

Most Popular of NEWS