BEC-TERO TV

အချစ်တော် ကြက်တူရွေးနဲ့ မတူတူအောင် နားရွက်ဖြတ်လိုက်တဲ့ ပန့်ခ်စတိုင်လူကြီး

24 Jan 2017     1,300 Views


အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ တက်ဒ် ပဲရော့မန်း ဆိုသူဟာ နှစ်အနည်းငယ်ခန့်ထဲက သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ပြုပြင်မှုတွေ ဖြည်းဖြည်းချင်း လုပ်လာခဲ့သူ ပန့်ခ်စတိုင်လူကြီး တစ်ဦးဖြစ်ပါတယ်။
 
ခန္ဓာကိုယ်ပေါ်မှာ ဆေးမှင်ကြောင်(တက်တူး) ၁၁၀ ခု၊ အပေါက်ဖောက်ထားတာက ၅၀ ၊ ခန္ဓာကိုယ်ထဲ ထိုးသွင်းထားတာက ၇ ခု၊ ဂျို ၃ ချောင်း၊ မျက်လုံးကို ဆေးဆိုး၊ လက်တစ်ဖက်ဆီမှာ သံလိုက် မြုတ်ထားပြီး လျှာကို နှစ်ခြမ်းခွဲထားသူဖြစ်ပါတယ်။
 
 
 
သူမွေးထားတဲ့ ကြက်တူရွေးကို အလွန်ချစ်တာကြောင့် ကြက်တူရွေးနဲ့ ဆင်တူအောင် အခုနောက်ဆုံး သူ့ရဲ့ နားရွက်နှစ်ဖက်ကို ဖြတ်ထုတ်ခဲ့ပါတယ်။ ခွဲစိပ်ချိန် ၆ နာရီသာ ကြာမြင့်ခဲ့ပေမယ့် နာရွက်ဖြတ်ပြီးသွားသည့်တိုင် သူ့ကိုယ်သူ ကျေနပ်မှု သိပ်မရှိသေးပါဘူး။ နားရွက်ဖြတ်ထားတဲ့ သူ့ရဲ့ ပုံကို မှန်ထဲမှာ အထပ်ထပ်အခါခါကြည့်ရင်း အလွန်ပျော်နေပါတယ်။
 
 
သူစိတ်မကျေနပ်ရတဲ့ အကြောင်း ရင်းကတော့ ကြက်တူရွေးရဲ့ မျက်လုံးတွေဟာ ဘေးဖက်မှာ ရှိတဲ့အတွက် တစ်ထက်တည်းတူအောင် သူ့မျက်လုံးတွေကို နားထင်ဆီ ခွဲစိတ်ပြီး ပြောင်းရွေ့ရန် မဖြစ်နိုင်တဲ့အတွက် ဖြစ်ပါတယ်။
တက်ဒ်ဟာ အခုနောက်ထပ် ဆရာဝန်တစ်ဦးကို ထပ်ရှာနေပါတယ်၊ သူ့ရဲ့ နှာခေါင်းကို ငှက်နှုတ်သီးလိုဖြစ်အောင် ခွဲစိပ်ဖို့ပဲဖြစ်ပါတယ်။
 
 
သူဟာ သူ့ရဲ့ ဆွေမျိုးသားချင်း၊ မိဘတွေနဲ့ အဆက်အသွယ်မလုပ်ပဲ မိတ်ဆွေအနည်းငယ်နဲ့ သူ့ရဲ့ စိတ်တူကိုယ်တူ ချစ်သူ ဆူဇန်နာတဲ့သာ နေထိုင်ပါတယ်။ ဆူဇန်ဟာလည်း ခန္ဓာကိုယ်မှာ သူ့လိုပဲ ပြောင်းလဲပြုပြင်မှုတွေ လုပ်ထားသူ တစ်ဦးဖြစ်ပါတယ်။
 

24 Jan 2017     1,300 Views




RELATED

Most Popular of Special or Others

Most Popular of NEWS