BEC-TERO TV

ကျွတ်သွားတဲ့ဆံပင်တွေကို ပြန်ပေါက်စေမဲ့ သဘာဝနည်းလမ်း

25 Jan 2017     2,519 Views


လှပပြီး စွဲဆောင်မှုရှိတဲ့ ဆံကေသာကို အမျိုးသမီးပိုင်းပိုင်ဆိုင်ချင်ကြပါတယ်။ ဈေးကွက်မှာ ရှိနေတဲ့ ပြုပြင်ထိန်းသိမ်းနည်းတွေက ဈေးကြီးပြီး လက်တွေ့မှာ ထိရောက်မှုမရှိလို့ စိတ်ညစ်နေလား။ သဘာဝနည်းလမ်းနဲ့ အဖြေရှာကြရအောင်ပါ။

ပြုလုပ်နည်း
 
တစ်နေ့ကို လူတစ်ဦးမှာ အနည်းဆုံး ဆံပင်အချောင်း ၅၀ ကနေ ၁၀၀ ထိကျွတ်ကြပါတယ်။ ဒါကိုစိုးရိမ်စရာမလိုတော့ပါဘူး။
 
ပါဝင်ပစ္စည်း
 
ငှက်ပျောသီး တစ်ဝက်
 
ကြက်ဥအနှစ် ၁ လုံး
 
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
 
ဘီယာ ခွက်တစ်ဝက်

ပြင်ဆင်ခြင်း
 
ပါဝင်ပစ္စည်းအားလုံးကို မွှေစက် (သို့) ဖျော်စက်ထဲထည့်ပြီး ဖျော်လိုက်ပါ။ အဲဒီအရည်ကို ဆံပင်ကျွတ်လို့ ပါးနေတဲ့နေရာမှာ လိမ်းပေးပြီး ၁ နာရီ ၂ နာရီလောက်ထားပါ။ အဲဒီလိုလိမ်းထားချိန်မှာ ပူနွေးလာတာကိုခံစားရပါလမ့်မယ်။ စိတ်မပူပါနဲ့ ဒါဟာ ဖျော်ရည်ရဲ့ အာနိသင် အရေပြားထဲကိုစိမ့်ဝင်နေတာဖြစ်ပါတယ်။ ပြီးရင် ခေါင်းလျှော်ချပါ။ တစ်ပတ်လောက် ပုံမှန်လုပ်ပေးတာနဲ့ ရလဒ်ကောင်းတွေရရှိလာမှာဖြစ်ပါတယ်။ကျန်းမာသန်စွမ်းတဲ့ ဆံသားများကိုပိုင်ဆိုင်နိုင်ကျပါစေ။
 
Credit

25 Jan 2017     2,519 Views




RELATED

Most Popular of Special or Others

Most Popular of Life Style