BEC-TERO TV

ကျန်းမာရေးအတွက် လျှော့သောက်သင့်တဲ့ အရည်များ

25 Jan 2017     1,432 Views


နာမည်ရ ဆိုင်ကြီးတွေမှာ ကိုယ်နှစ်ခြိုက်စွဲမက်ပြီး သောက်သုံးနေတဲ့ အချိုရည်၊ ဖျော်ရည်တွေက ကျန်းမာရေးကို ဆိုးဝါး ထိခိုက်စေတတ်တာတွေ ရှိကြောင်း သိပါရဲ့လား။ သကြားတွေ၊ ပြည့်ဝ အဆီတွေက ကျန်းမာရေးထိခိုက်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတတ်ပါတယ်။ ဆိုင်ကြီးခမ်းနားတွေမှာ ဈေးကြီးပေးပြီး သောက်သုံးရတဲ့ အခုပြောပြမယ့် သောက်စရာတွေက တွေ့နေကျ၊ သောက်နေကျ တွေဆိုရင် ရှောင်ကြဉ်လျှော့ချနိုင်မယ် ထင်ပါတယ်။

လက်ဖက်ရည်အေး Iced Tea
 
ice-teaရေခဲစိမ် လက်ဖက်ရည်အေးက အများကြီးသောက်ဖို့မသင့်လျော်တဲ့ အဖျော်ရည်ပါ။ သိပ်ပူအိုက်တဲ့ နေ့တွေမှာ အဲဒါလေး သောက်လိုက်ရတာကိုက ပြီးပြည့်စုံသွားသလို ခံစားရနိုင်ကောင်းပေမယ့် သူ့မှာ သကြားတွေ အများကြီး ပါနေတတ်တာတော့ သတိထားစေချင်ပါတယ်။ လက်ဖျော်ဖြစ်စေ၊ အမှုန့်ကို အသင့်အရည်ဖျော်တာဖြစ်စေ အသောက်များကြတဲ့ နာမည်ရ ရေခဲစိမ် လက်ဖက်ရည်အေး တခွက်မှာ ကယ်လိုရီအနည်းဆုံး ၂၅၀ လောက် ပါဝင်ပါတယ်။ ဆိုဒါလို အချိုရည်တွေနဲ့ အတူတူပဲ။ အဲဒီ ဖျော်ရည်ကို အလေ့အထတခုလို သောက်သုံးရင်ဖြင့် ကိုယ်အလေးချိန်တွေ တက်ပြီး ဆီးချိုရောဂါနဲ့ အဝလွန်တာတွေ ဖြစ်လာမှာ အသေအချာပါ။ အဲဒီလို အရသာရှိ အေးမြနေအောင် လုပ်ထားတဲ့ အသင့် သောက်သုံးစရာအစား သံပုရာရည် ရိုးရိုးလေး သောက်လိုက်ပါ။ ရေခဲတုံးလေးတွေနဲ့ အေးမြတဲ့ ရေထဲ သံပုရာသီးလေး ညှစ်ထည့်လိုက်ရုံပါပဲ။
 

ချောကလက် ဖျော်ရည် Hot Chocolate choocolate
 
ချောကလက် ဖျော်ရည်ပူပူကလည်း ကျန်းမာရေးနဲ့ မသင့်ပါဘူး။ နာမည်ကြီးလှတဲ့ တံဆိပ်တခုက ချောကလက်ပူတခွက်ဆို ကယ်လိုရီက ၇၆၀ လောက်အထိ ပါဝင်ပါသတဲ့။ အထူးသဖြင့် ပြည့်ဝအဆီတွေနဲ့သကြားတွေသာမက ဆိုယီယမ်တွေ ပါဝင်နေလို့ပါပဲ။ အဲဒီ ချောကလက်ပူပူကို ဈေးကြီးပေး ဝယ်သောက်မယ့်အစား အဆီတွေ၊ သကြားတွေမပါ၊ ကယ်လိုရီနည်းတဲ့ အိမ်လုပ် ချောကလက်ပူပူလေး လုပ်သောက်နိုင်ပါတယ်။ သကြားနည်းနည်းနဲ့ ကယ်လိုရီ ၁၀၀ လောက် ပါတာမျိုး ဖန်တီးနိုင်ပါတယ်။

အရသာဖြည့် သောက်ရေတွေ drinking water
 
အသင့်ပြင်ဆင်ထားတဲ့ အသီးပေါင်းစုံရဲ့ အရသာဖြည့်ထားတဲ့ သောက်ရေတွေလည်း ကျန်းမာရေးအတွက် အဆင်မပြေပါဘူး။ ရေငတ်တာနဲ့ ရေဓာတ်ခြောက်ခန်းမှု မရှိစေဖို့ကတော့ ရိုးရိုးရေသာ အကောင်းဆုံးပါ။ အဲဒီ အရသာဖြည့် အချိုရည်တွေမှာ ကယ်လိုရီတွေ၊ သကြားတွေ ပေါင်းစပ်ထားတာပါ။ တချို့ကလည်း ဗီတာမင်တွေ ပါတယ်လို့ဆွဲဆောင်တတ်ကြပေမယ့် ဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေ ရေထဲ ထည့်ထားတော့ အကျိုးမထူးပါဘူး။ အဲဒီလို အနံ့၊ အရသာနဲ့ ရေကို သောက်ချင်ရင် ရေသန့်ထဲမှာ လတ်ဆတ်တဲ့ အသီးလေးတွေ လှီးစိတ် ထည့်ပြီး ရေခဲသေတ္တာထဲ ညသိပ်သောက်ကြည့်ပါ။ ကျန်းမာရေးအတွက် အဆင်ပြေဆုံးပေါ့။

အားဖြည့် အချိုရည်
 
canစိတ်ရောလူပါ လန်းဆန်းဖို့ ဆိုပြီး အားဖြည့် အချိုရည် ဆိုတာတွေ သုံးကြပါတယ်။ အဲဒါတွေမှာ ကယ်လိုရီတွေနဲ့ သကြားတွေက အများကြီးပါ။ အဲဒီ ထက်ဆိုးတာက ကဖင်းလို စိတ်ကြွစေတာမျိုးတွေ ထည့်သွင်းကြတာပေါ့။ သွေးတိုး၊ ဆီးချိုတွေ တက်စေသလို လက်တုန်ခြေတုန်ပါ ဖြစ်စေတာပေါ့။ အဲဒါတွေ အလွန်အကျွံ သောက်တာက အသက်အန္တရာယ်ပါ ထိခိုက်စေတယ်လို့ ဆိုပါတယ်။ အဲဒီ အားဖြည့် အချိုရည် မတန်တဆ သောက်သုံးတာက သတိလစ်တာ၊ နှလုံးတိုက်ခိုက်ခံရတာ၊ စိတ်ပိုင်းဆိုင်ရာပြဿနာ၊ လေဖြတ်တာတွေနဲ့ နှလုံးခုန် မမှန်တာတွေ ဖြစ်စေပါတယ်။

မစ်ခ်ရှိတ်ခ် Milkshake milk shake
 
ဒီဘက်ခေတ်မှာ လူကြိုက်များလာတဲ့ Milkshake တခွက်မှာကလည်း ကယ်လိုရီ ၇၀၀ လောက်အထိ ပါဝင်ပါသတဲ့။ ကိတ်မုန့် အချပ်ပေါင်းများစွာ စားတာနဲ့ မထူးလှပါဘူးလို့ ဆိုပါတယ်။ ပြည့်ဝဆီတွေ၊ ကယ်လိုရီတွေ များလှပါသတဲ့။ အထက်မှာပြောခဲ့တာတွေကတော့ အသောက်များကြတဲ့ အဖျော်တွေနဲ့သူတိုရဲ့အန္တရာယ်တွေပေါ့။ ဆင်ခြင်နှိုင်းဆပြီး ပမာဏနဲ့အကြိမ်ရေတွေ လျှော့ချသောက်သုံးဖို့ ဒီနေ့ပဲ ဆုံးဖြတ်လိုက်ကြရအောင်။
 
Credit

25 Jan 2017     1,432 Views




RELATED

Most Popular of Special or Others

Most Popular of Life Style