BEC-TERO TV

စူပါ ဆေးမန်ကျည်း အပါအဝင် စာသုံးရန်မသင့်သော အစားသောက် (၁၈)မျိုး FDA ထုတ်ပြန်

26 Jan 2017     2,283 Views


ဈေးကွက်အတွင်း ရောင်းအားမြင့်တက် နာမည်ရနေသော စူပါတံဆိပ် ဆေးမကျည်းအပါအဝင် စားသောက်ရန် မသင့်သော အစားအသောာက် (၁၈)မျိုးကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
 
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချလျှက်ရှိပြီး ကလေးများ ဝယ်ယူစားသေက်လေ့ရှိသော အစားအသောက်များကို စစ်ဆေးခဲ့ရာ တားမြစ်ထားသည့် ဆိုးဆေးများ အသုံးပြုထားကြောင်း တွေ့ရှိခဲ့ရသဖြင့် အောက်ပါ အစားပသောက် (၁၈)မျိုးကို စားသုံးရန်မသင့်သော အစားအသောက်များအဖြစ် စာရင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
 
၁။ ဝမဝ (ဇီးယို)
၂။ မြကြယ် (အရောင်တင်ငရုတ်သီးမှုန့်)
၃။ ပြိုင်ရှား (လျှောက်ပေါင်း အစပ်)
၎။ စူပါ (ဆေးမန်ကျည်း)
၅။ ရွှေပင်လယ် (ငပိ)
၆။ Max Max (Gelatin jelly & marshmallow)
၇။ ကျော် (ပုဇွန်အသားကပ်ကြော်)
၈။ Fancy (Juice & Jelly)
၉။ Well (အချိုရည် လိမ္မော်ရောင်)
၁၀။ ပုရှယ် (ငရုတ်ပွအရောင်တင်မှုန့်)
၁၁။ ပုံ့ပုံ့ (ငရုတ်ဆီ)
၁၂။ စူပါ (ရောင်စုံသကြားလုံး)
၁၃။ ရွှေဧရာ (ရှယ်မျှင်ငပိထောင်း)
၁၄။ ပြည့်ဝ (သစ်သီးအရသာစုံ၊ အနီ)
၁၅။ ပြည့်ဝ (သစ်သီးအရသာစုံ၊ မရမ်း)
၁၆။ ပြည့်ဝ (သစ်သီးအရသာစုံ၊ သရက်)
၁၇။ အပျိုစင် (မက်မန်းနှင့်ယိုစုံ၊ မက်မန်း)
၁၈။ ရွှေဇီးကွက် (ငရုတ်ဆီ)
တို့ ဖြစ်သည်။
 
source:ကုမုန္ဒြာ
 

26 Jan 2017     2,283 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS