ဦးခေါင်းချင်းဆင့်ကာ လှေကားထစ် ၉၀ ကို ဟန်ချက်ညီညီ တက်ပြခဲ့သည့် ညီနောင်နှစ်ဦး ဂရင်းနစ်မှတ်တမ်းဝင်
26 Jan 2017 1,870 Views
ဗီယက်နမ်နိုင်ငံမှ ဆပ်ကပညာရှင် နှစ်ဦးဖြစ်ကြတဲ့ “ဂီယမ်ကွတ်ကို” နှင့် “ဂီယမ်ကွတ်ညစ်ပ်” တို့ နှစ်ဦးဟာ ကမ္ဘာ့ဂင်းနစ်စာအုပ်စာရင်းဝင်ဖို့ ပြကွက်ဆန်းတစ်ခုကို စပိန်နိုင်ငံ ဂျီရိုနာမှာရှိတဲ့ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းကြီးမှာ ပြသခဲ့ပါတယ်။
အဆိုပါ ဘုရားရှိခိုးကျောင်းကြီးဟာ ကမ္ဘာကျော်ဇာတ်လမ်းတွဲ “Game Of Thrones” ထဲက ဇာတ်ဝင်ခန်းအချို့ကို ရိုက်ကူးခဲ့ရာ နေရာတစ်ခုလည်း ဖြစ်ပြီး ဘုရားကျောင်းအဝရောက်ဖို့ လှေကားထစ်ပေါင်း ၉၀ ရှိပါတယ်။ ဆပ်ကပ်ညီနောင် နှစ်ဦးဟာ တစ်ဦးက မြေပြင်ပေါ်မှာနေပြီး ကျန်တစ်ဦးက သူ့ရဲ့ဦးခေါင်းပေါ်ကနေ စောက်ထိုးအနေအထား ဦးခေါင်းချင်းဆင့်ကာ တစ်ဦးနှင့်တစ်ဦး လုံးဝမကိုင်ပဲ လှေကားထစ် ၉၀ ကိုတက်ပြခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ လှေကားထစ်ပေါင်း ၉၀ ကို ၅၂ စက္ကန့်နဲ့ ဟန်ချက်ညီညီတက်သွားရင်း ကမ္ဘာ့ဂရင်းနစ်စာအုပ်မှာ မှတ်တမ်းတင်သွားခဲ့ပါတယ်။ သူတို့နှစ်ဦး ဘယ်လိုဟန်ချက်ညီညီ ကြိုးစားသွးလဲ ဆိုတာကို ကြည့်လိုက်ကြပါဦး။







