BEC-TERO TV

Live video ထုတ်လွှင့်ခြင်းအပါအဝင် ဖေ့စ်ဘွတ်ခ် အခမဲ့သုံးစွဲခွင့် အစီအစဉ်သစ် အူရီဒူးမိတ်ဆက်

27 Jan 2017     1,236 Views


ပြည်ပဆက်သွယ်ရေးအော်ပရေတာဖြစ်သော အူရီဒူးမြန်မာသည် နေ့စဉ်အခမဲ့ဖေ့စ်ဘွတ်ခ်သုံးစွဲခွင့်အစီအစဉ်ကို ဇန်နဝါရီ ၂၃ ရက်က မြန်မာပလာဇာရှိ အူရီဒူးမြန်မာရုံးချုပ်တွင် မိတ်ဆက်ပေးခဲ့ကြောင်း သိရှိရသည်။
 
အဆိုပါအစီအစဉ်ကိုရယူလိုပါက ပထမဦးစွာ *4444# သို့ဖုန်းခေါ်၍ စာရင်းသွင်းရမည်ဖြစ်သည်။ ထိုသို့စာရင်းသွင်းပြီးပါက ငွေဖြည့်သွင်းမှုပမာဏပေါ်လိုက်၍ နေ့စဉ်အခမဲ့ Facebook အပြင်viber, Beetalk အခမဲ့အသုံးပြုခွင့်နှင့်အတူ အူရီဒူးအချင်းချင်း မိနစ် ၅ဝ အခမဲ့ ဖုန်းခေါ်ဆိုခွင့်တို့ရရှိမည်ဖြစ်သည်။
 
''ဒီအစီအစဉ်ကို ရယူဖို့အတွက် *4444# ကိုဖုန်းခေါ်ဆိုပြီး စာရင်းသွင်းရမှာဖြစ်ပါတယ်။ အဲဒီလိုစာရင်းသွင်းပြီးတာနဲ့ ငွေဖြည့်တဲ့ပမာဏအပေါ်လိုက်ပြီး ဖေ့စ်ဘွတ်ခ်အခမဲ့ဝန်ဆောင်မှုတွေအပြင်တခြားအခမဲ့ဝန်ဆောင်မှုတွေလည်းရမှာဖြစ်ပါတယ်။ ငွေဖြည့်သွင်းရတဲ့အတွက်လည်း ထည့်သွင်းလိုက်တဲ့ဖုန်းဘေပမာဏလည်း လျော့သွားမှာမဟုတ်ပါဘူး''ဟု အူရီဒူးမြန်မာဈေးကွက်နှင့် ဆက်သွယ်ရေးဒါရိုက်တာ ဒေါ်ပွင့်ဦးဆွေက ပြောကြားသည်။
 
အဆိုပါစာရင်းသွင်းမှုကို တစ်ကြိမ်ပြုလုပ်ထားရုံဖြင့် ငွေဖြည့်တိုင်း ယင်းဝန်ဆောင်မှုကို ရရှိနေမည်ဖြစ်ပြီး ဖုန်းငွေကျပ် ၁,ဝဝဝ မှ ၂,၉၉၉ ကျပ်အထိဖြည့်သွင်းပါက နေ့စဉ်အခမဲ့ 500 MB ဖေ့စ်ဘွတ်ခ်အသုံးပြုခွင့်၊ 100 MB Viber? Beetalk အသုံးပြုခွင့်နှင့် အူရီဒူးအချင်းချင်း မိနစ် ၅ဝ အခမဲ့ ဖုန်းခေါ်ဆိုခွင့်တို့ကို သုံးရက်တိုင် အသုံးပြုခွင့်ရမည်ဖြစ်ပြီး ကျပ် ၃,ဝဝဝ မှ ၉,၉၉၉ ကျပ်အထိ ဖြည့်သွင်းပါကသုံးစွဲခွင့် ငါးရက်ရရှိမည်ဖြစ်ရာ ကျပ် ၁ဝ,ဝဝဝ နှင့်အထက်ငွေဖြည့်သွင်းသူသည် သုံးစွဲခွင့် ၁၅ ရက်တိုင် ရရှိမည်ဖြစ်သည်။
 
''အခုလို ဖေ့စ်ဘွတ်ခ်အခမဲ့သုံးစွဲခွင့် 500 MB က အင်တာနက်အသုံးပြုသူတွေအတွက် လုံလောက်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့မှာ စစ်တမ်းတွေရှိပါတယ်။ မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးက ပုံမှန်အသုံးပြုမှု တစ်နေ့ကို 350 MB လောက်ကိုပဲ အသုံးပြုကြပါတယ်။ အခု အူရီဒူးက 500 MB အထိ အခမဲ့ပေးထားတာဆိုတော့ လုံလောက်ပါတယ်။ viber,Beetalk မှာဆိုရင်လည်း 50 MB မကျော်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့က ပြည့်ပြည့်ဝဝသုံးနိုင်ဖို့အတွက် 100 MB အထိကို အခမဲ့ပေးထားပါတယ်''ဟု ဒေါ်ပွင့်ဦးဆွေက ပြောသည်။
 
ထို့ကြောင့် ဖေ့စ်ဘွတ်ခ်အခမဲ့အစီအစဉ်ကိုရယူခြင်းဖြင့် Live လွှင့်ခြင်း၊ စာပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊မျှဝေခြင်း၊ စတစ်ကာများပေးပို့ခြင်း အစရှိသည်များကို လုပ်ဆောင်နိုင်မည့်အပြင် viber, Beetalk တို့တွင်လည်း ဖုန်းခေါ်ဆိုမှု (free call) ကို အခမဲ့ အသုံးပြု နိုင်မည်ဖြစ်သည်။ ယင်းအစီအစဉ်၌ facebook, Viber, Beetalk တို့တွင်ဖုန်းခေါ်ဆိုမှု (free call) ကို အခမဲ့ အသုံးပြုနိုင်သော်လည်း ဗီဒီယိုခေါ်ဆိုမှုအတွက် အခမဲ့ဝန်ဆောင်မှုပေးခြင်း မရှိကြောင်း သတင်းရရှိသည်။
 
Credit: မြန်မာတိုင်းမ်

27 Jan 2017     1,236 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS