BEC-TERO TV

အသားမည်းသူတွေမှာဆို အလုပ်မလုပ်တဲ့ Xiaomi ကျန်းမာရေးလက်ပတ်

27 Jan 2017     1,619 Views


အရင်နှစ်ဆောင်းဦးပိုင်းက ထွက်ရှိလာခဲ့တဲ့ Xiaomi ရဲ့ Mi Band 2 ကျန်းမာရေးလက်ပတ်ဟာ ဒီဇိုင်းပိုင်းမှာ ချို့ ယွင်းချက်ရှိနေပါတယ်။ ဒီလက်ပတ်ဟာ အသားမည်းသူတွေမှာ အလုပ်မလုပ်နိုင် ဖြစ်နေပါတယ်။ Mi Band 2 ဟာ သုံးစွဲသူရဲ့ တစ်ကိုယ်ရေ ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာအချက်အလက်တွေကို မှတ်သားဖို့ သုံးနိုင်တဲ့ ကျန်းမာရေးလက်ပတ်တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလက်ပတ်ဟာ အသားမည်းသူများရဲ့ နှလုံးခုန်နှုန်းကို မသိနိုင်တဲ့ ပြဿနာရှိနေပါတယ်။ "အသားမည်းသူများအတွက် Mi Band 2 နှလုံးခုန်နှုန်းအလုပ်မလုပ်နိုင်" ဆိုသည့် ခေါင်းစီးတပ်ထားသည့် ၁၂ မျက်နှာရှိသည့် ကွန်ပလိန်းတစ်ခုလည်း Miui အထောက်အကူပြု ဝက်ဘ်ဆိုက်မှာ တက်လာနေပါတယ်။

ဒီကွန်ပလိန်းထဲမှာ သုံးစွဲသူတွေက ဒီလက်ပတ်အလုပ်လုပ်နိုင်အောင် အသားပိုဖွေးတဲ့နေရာမှာ ထားရမလားလို့ လည်း မေးထားပါတယ်။ နောက်တစ်ခုက ဒီလက်ပတ်ဟာ အမွေးအမှင်တွေနဲ့ ထိနေရင်လည်း အလုပ်မဖြစ်တာကြောင့် အမွေးလွတ်ရာအသားပြင်မှာ ထားရမယ့် ပုံရှိပါတယ်။ Mi Band 2 ဟာ ၀.၄၂ လက်မရှိတဲ့ OLED display ကို သုံးထားပြီး ဒီနေ့ ပေါက်ဈေးအနေနဲ့  ၃၉.၉၉ ဒေါ်လာ ရှိပါတယ်။ တစ်ခြား လက်ပတ်တွေနဲ့ မတူတာက Mi Band 2 ဟာ အချိန်နာရီ နဲ့ တစ်နေ့ တာလှုပ်ရှားမှုကို ဖော်ပြပေးမယ့် screen ပါရှိတာပါ။ တစ်ခုရှိတာက အရင် Mi Band 1 ထက် ဈေးပိုကြီးနေတာပါ။ ယခု Mi Band 2 လက်ပတ်ဟာ IP67 ရေစိုခံနှုန်းရှိတာကြောင့် လက်မှာပတ်ပြီး ရေချိုးလို့ လည်း ပြဿနာ မရှိပါဘူး။

ဒီလက်ပတ်ရဲ့ ဘက်ထရီဟာ ၁၀ ရက်ကနေ ၁၄ ရက်အထိ အားခံတာပါတယ်။ဒါ့ကြောင့် တစ်ခါလောက် အားသွင်းထားရင် တစ်ပတ်လုံး သုံးနိုင်မှာ ဖြစ်ပါတယ်။ Mi Band 2 လက်ပတ်ကို မိမိရဲ့ စမတ်ဖုန်း Bluetooth တို့ နဲ့ ချိတ်ဆက်ထားခြင်းအားဖြင့် နေ့ စဉ်၊ အပတ်စဉ် နဲ့ လစဉ်နှလုံးခုန်နှုန်းအနေအထားကို ဂရပ်ဖ်နဲ့ ပြသသွားမှာ ဖြစ်ပါတယ်။ Xiaomi အနေနဲ့ ဒီပြဿနာကို မဖြေရှင်းရသေးပါဘူး။ အခုလို အသားအရောင်ခွဲခြားတာဟာ နည်းပညာမှာ တစ်နေ့ ထက်တစ်နေ့ တိုးပြီး တွေ့ နေရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အာဆီယံဖွား နယူးဇီလန်နိုင်ငံသားတစ်ယောက်ကို မျက်စိမှေးတာကြောင့် ပြည်ဝင်ခွင့်ဗီဇာ အပယ်ခံခဲ့ရဖူးပါတယ်။ တကယ်လို့ သာ Mi Band 2 ရဲ့ အသားအရောင်ကြောင့် စက်အလုပ်မလုပ်တဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုရင် လူကြိုက်များမယ့် ထုတ်ကုန်တစ်ခုဖြစ်လာဖွယ် ရှိနေပါတယ်။

Credit : duwun


27 Jan 2017     1,619 Views




RELATED

Most Popular of Special or Others

Most Popular of NEWS