ဦးကိုနီအား လုပ်ကြံပစ်ခတ်သူကို ကူညီဖမ်းဆီးပေးသော Taxi ယာဉ်မောင်း အပစ်ခံရကာသေဆုံး
29 Jan 2017 1,849 Views

ဦးကိုနီအား သေနတ်ဖြင့် လုပ်ကြံပစ်ခတ်သူအား ကူညီဖမ်းဆီးပေးသူ Taxiယာဉ်မောင်း တစ်ဦးလည်း သေဆုံးသွားကြောင်း နောက်ဆက်တွဲသတင်းများအရ သိရသည်။
သေဆုံးသွားသူမှာ ရန်ကုန်လေဆိပ်၌ Taxi မောင်းနေသူ ဦးနေဝင်း (၄၂)နှစ် ဖြစ်ပြီး လုပ်ကြံပစ်ခတ်သူအား ဝင်ရောက်ဖမ်းဆီးရန်ကြိုးစားမှုကြောင့် အပစ်ခံရခြင်းဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။

ရဲတပ်ဖွဲ့ဝင်များ မရောက်လာမီအချိန်တွင် Taxi ယာဉ်မောင်းများက လုပ်ကြံပစ်ခတ်သူအား ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(ဓာတ်ပုံ- သေဆုံးသူ ဦးနေဝင်းမောင်းနှင်ခဲ့သော Taxi)
Credit:ဇော်ဇော်ထွန်း
Source:News Watch







