BEC-TERO TV

အန်အယ်လ်ဒီပါတီ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရ (ရုပ်သံ)

29 Jan 2017     1,553 Views


တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဒီနေ့ညနေပိုင်းက ရန်ကုန်လေဆိပ်မှာ သေနတ်သမားတဦးရဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီဟာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့အတူ အင်ဒိုနီးရှားနိုင်ငံ လေ့လာရေးခရီးစဉ်သွားရောက်ခဲ့ပြီး ဒီကနေ့ ပြန်လာစဉ် ရန်ကုန်လေဆိပ်မှာ သေနတ်သမားတဦးရဲ့ လုပ်ကြံသတ်ဖြတ်တာ ခံခဲ့ရတာ ဖြစ်ပါတယ်။
 
သေနတ်သမားဖြစ်သူကိုလည်း ဖမ်းဆီမိထားပြီး ဖြစ်ကြောင်း သိရပါတယ်။
 
ရိုက်ကူး – မျိုးကြီး
 
Source: DVB

29 Jan 2017     1,553 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS