ဒုတိယအကြိမ်ကျင်းပတဲ့ ရှေးဟောင်းကားပြပွဲ
30 Jan 2017 1,744 Views

မြန်မာပြည်မှာ လက်ရှိထိန်းသိမ်းထားဆဲဖြစ်တဲ့ တန်ဖိုးကြီး ရှေးဟောင်းကားများကို ဒုတိယ အကြိမ်မြောက် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ယနေ့ပြသလျှက်ရှိရာ ရန်ကုန် မန္တလေးမှ စုဆောင်း ထားသည့် ရှေးဟောင်းကား အစီး ၂၀ခန့် ပါဝင်ပြသခဲ့ပါတယ်။ ယခုပြသတဲ့ကားများထဲမှာ အမေရိကန်သံအမတ်ကြီးဟောင်း စီးနင်းခဲ့သည့် ကားနှင့် သတင်းစာ ဆရာကြီး ဂါဒီးယန်း ဦးစိန်ဝင်း စီးခဲ့သည့် ကားများအပြင် အရှေ့တောင်အာရှတွင်ပင် ရှားပါးနေပြီဖြစ်သည့် ကားများလည်းပါဝင်ကြောင်း သိရပါတယ်။




Credit : theirrawaddyburmese







