BEC-TERO TV

ပြေတီဦးဖောင်ဒေးရှင်းပွဲမှာ သတင်းဆိုးတစ်ခုကြောင့် သီချင်းပြောင်းလဲ သီဆိုခဲ့တဲ့ လင်းလင်း

30 Jan 2017     2,742 Views


ဒီနေ့လိုနေ့မျိုးမှာ ကျွန်တော်သီချင်းမဆိုချင်ပါဘူးလို့ ဝမ်းနည်းညိုးငယ်နေတဲ့ မျက်နှာနဲ့ စင်မြင့်ထက်ပေါ် ရောက်နေခဲ့သူက အဆိုတော် လင်းလင်း ဖြစ်ပါတယ်။ ချို့တဲ့တဲ့ ဆေးတက္ကသိုလ် ကျောင်းသား/သူများကို ထောက်ပံ့မှုတွေပေးနေတဲ့ ပြေတီဦးဖောင်ဒေးရှင်းပွဲအတွက် ကူညီဖျော်ဖြေပေးဖို့ လက်ခံထားခဲ့ပြီး သီချင်းဆို ဖျော်ဖြေခါနီးမှ သတင်းဆိုးတစ်ခုကြောင့် စိတ်မကောင်းစရာဖြစ်ခဲ့ရပါတယ်။
 
ဒီပွဲအတွက် နဂိုထဲကရည်ရွယ် ရွေးချယ်ထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ဟန်မတူတဲ့ “အိမ်မက်ထဲကစစ်သားကြီး” သီချင်းကို ကြေကွဲစွာနဲ့ ဖျော်ဖြေသွားခဲ့ပါတယ်။ ဒီသီချင်းဟာ သူ့ရဲ့ “သံမဏိလိပ်ပြာ” တေးစီးရီးထဲမှာ ပါဝင်ပြီး အစပိုင်းမှာ ဝေဖန်မှုများနဲ့ ပြည်နှက်ခဲ့ပြီးမှ သီချင်းအဓိပ္ပါယ်နားလည်ကာ လူကြိုက်များခဲ့ရတဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ “လူကို လူလူချင်းသတ်တာ ဘယ်ဘာသာမှ အားမပေးပါကွယ်” ဆိုတဲ့ စားသားက သီချင်းတစ်ပုဒ်လုံးရဲ့ ပေးချင်တဲ့ မက်ဆေ့တစ်ခုဖြစ်ခဲ့ပါတယ်။
 

30 Jan 2017     2,742 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS