ဦးကိုနီလုပ်ကြံခံရမှုအပေါ် လေဆိပ်လုံခြုံရေးရဲဝန်ထမ်းများ အကျင့်ပျက်ခြစားမှုကြောင့်ဟု မျက်မြင်သက်သေ သတင်းပေး
31 Jan 2017 2,822 Views
ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီအချိန်ခန့်က ဥပဒေအကြံပေးပုဂ္ဂိုလ် သေနတ်နှင့် ပစ်ခတ်လုပ်ကြံခံရမှုကို မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့သော “Flying Swallow Transport” မှ ယာဉ်မောင်းတစ်ဦးက ဖြစ်စဉ်ကို အသေးစိတ် ပြောပြခဲ့ပြီးနောက်၊ ဦးကိုနီ ယခုလို သေနတ်နှင့် ပစ်ခံရခြင်းမှာ ကားပေါ်သို့တိုက်ရိုက် မတက်ရောက်နိုင်ပဲ ကားအလာကို စောင့်နေရသည့်အတွက် ယခုလို လုပ်ကြံခွင့်ရသွားကြောင်းနှင့် လေဆိပ်လုံခြုံရေးရဲများ၏ အကျင့်ပျက်ချစားမှုများ၊ လာဘ်ပေးမှုများရှိနေသည့်အတွက် လေဆိပ်လုံခြုံမှုမရှိကြောင်းပြောဆိုခဲ့သည်။
တရားခံကို ဖမ်းဆီးပေးကြသူများမှာ ပြည်သူများသာ ဖြစ်ပြီး နောက်ဆုံးမှသာ ရဲများရောက်လာခဲ့ကြောင်းနှင့် တာဝန်ကိုကျေပွန်စွာ မဆောင်ရွက်ပဲ မိမိကိုယ်ကျိုးစီးပွားကိုသာ ရှာနေသော လေဆိပ်လုံခြုံရေးဝန်ထမ်းများအား အစားထိုးလဲလှယ်ပေးရန် ပြောကြားခဲ့သည်။
VideoCredit:ဗိုလ်အောင်ဒင်







