သရုပ်ဆောင်ကိုငယ်ငယ်ထဲက၀ါသနာပါခဲ့တဲ့ မြန်မာပြည်သိန်းတန်ဇနီး
31 Jan 2017 2,139 Views

ဖက်ရှင်အလန်းတွေနဲ့ နာမည်ကြီးတဲ့ အဆိုတော် မြန်မာပြည်သိန်းတန်ရဲ့ ဇနီး ဒေါက်တာ နုနန္ဒာသန်းဟာ ဆေးကျောင်းတက်တုန်းက သရုပ်ဆောင်ဖြစ်ချင်ခဲ့ပြီး အရမ်းကိုစိတ်ဝင်စားခဲ့ ပေမယ့် မိဘတွေက လမ်းမလွဲစေချင်ကြဘူး ဆရာဝန်ပဲ ဖြစ်စေချင်ကြတဲ့ အတွက် မိဘတွေကို ဦးစားပေးရွေးချယ်ခဲ့ ပါတယ်။
ငယ်ငယ်ထဲက ရှိတဲ့ ပိုးက အခုမှပဲ လုပ်ခွင့်ရတော့တယ်လို့ ပြောထားပါတယ် ။ အခုဆိုရင် သူမ ဟာ ဒုတိယမြောက် ရုပ်ရှင်ကားကို စတင်ရိုက်ကူးတော့ မှာလဲ ဖြစ်ပါတယ်။ “အဆိုတော်တွေနေတဲ့ ရွာ” ဆိုတဲ့ ဒုတိယ ကားမှာ ခင်ပွန်းဖြစ်သူ မြန်မာပြည်သိန်းတန်နဲ့ အတူ သရုပ်ဆောင်ထားပြီး အဆိုတော်ဖြစ်သူကို crazy ဖြစ်တဲ့ ပုံစံမျိုး အိုဗာတင်းပုံစံလေးတွေ သရုပ်ဆောင်ရမှာလဲ ဖြစ်ပါတယ် ။
ပထမ ကားမှာထဲက စူးစမ်းလိုစိတ်နဲ့ ရိုက်ကူးလိုက်ပေမယ့် အခက်အခဲမရှိခဲ့ ပါဘူး လို့ ပြောထားခဲ့ ပါတယ်။ မြန်မာပြည် သိန်းတန်နဲ့ ဒေါက်တာ နုနန္ဒာသန်း တို့ လင်မယားဟာ တစ်ယောက်အပေါ်တစ်ယောက်ချစ်ခင်မှု ဖက်ရှင်အလန်းဆုံး ဆိုပြီး လူတိုင်းအားကျနေကြတဲ့ အတွဲလဲ ဖြစ်ပါတယ် ။

Credit:Oasis





