BEC-TERO TV

ကြက်သွန်ဖြူကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ

31 Jan 2017     1,561 Views


ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာကို လူတိုင်းသိ ထား ပြီးဖြစ်မှာပါ။ကြက်သွန်ဖြူမှာ ခန္ဓာကိုယ်ယားယံတာ၊ရောဂါပိုးဝင်တာနဲ့ကိုယ်ခံအား စနစ်ကို ကောင်းမွန်စေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ ယခုဖော်ပြပေး မှာတွေ ကတော့ ကြက်သွန်ဖြူကြောင့်ရရှိနိုင်မယ့် ကျန်းမာရေး နဲ့အလှအပရေး ရာဆိုင်ရာ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။

(၁)ဆံပင်ကျွတ်ခြင်းကိုသက်သာစေ
 
အခွံခွာပြီးဖြစ်တဲ့ ကြက်သွန်ဖြူအမြွှာကို ဦးရေပြားအား ပွတ်ပေးခြင်းအားဖြင့် ဆံပင်ကျွတ်ခြင်းကို သက်သာစေကာ ဆံပင်အမြစ်ကို ပိုမိုသန်မာစေပါတယ်။
 
(၂)အအေးမိ၊ချောင်းဆိုးခြင်းကို သက်သာစေ
 
ကြက်သွန်ဖြူရေနွေးကြမ်းက အအေးမိခြင်းနဲ့ချောင်းဆိုးခြင်းတွေကို သက်သာစေ ပါတယ်။ကြက်သွန်ဖြူရေနွေးကြမ်းကို ပြုလုပ်ပုံကတော့ ကြက်သွန်ဖြူနှစ်မြွှာကို ပွတ်ပွတ်ဆူနေတဲ့ ရေနွေးထဲကို မိနစ်အနည်းငယ်ကြာထည့်ပါ။ အရသာကော င်းစေချင်တယ်ဆိုရင်တော့ ဂျင်းနဲ့ပျားရည်ကို ထပ်ထည့်ပေးလို့ရပါတယ်။ကြက် သွန်ဖြူရေနွေးကြမ်းကို သောက်ပေးခြင်းအားဖြင့် အအေးမိခြင်းနဲ့ချောင်းဆိုးခြင်းကို (၁၀)မိနစ်လောက်အတွင်း သိသိသာသာသက်သာစေမှာဖြစ်ပါတယ်။
 
(၃)အရေပြား အဖုအပိန့်ထွက်ခြင်းကို သက်သာစေ
 
ကြက်သွန်ဖြူဆီကို အဖုအပိန့်ထွက်တဲ့နေရာတွေမှာ အစက်အနည်းငယ် ချေ ပးခြင်းအားဖြင့် အရေပြားမှာ ထွက်နေတဲ့ အဖုအပိန့်တွေသက်သာပျောက်ကင်း ကာ နူးညံ့သွားစေမှာဖြစ်ပါတယ်။

(၄)နားယားခြင်းကို သက်သာစေ
 
အခွံခွာပြီး ကြက်သွန်ဖြူတစ်မြွှာကို နားထဲမှာ တစ်ညလောက် ထည့်ပေးခြင်း အားဖြင့်(နားအတွင်းထဲကို မဝင်အောင် သတိပြုပါ)နောက်တစ်နေ့ အိပ်ယာ ကနိုးရင် နားယားတာတွေ သိသိသာသာ သက်သာသွားစေမှာဖြစ်ပါတယ်။
 
(၅)ဆီးချိုရောဂါကို သက်သာစေ
 
ကြက်သွန်ဖြူဟာ သွေးထဲက သကြား levels ကို ထိန်းညှိပေးနိုင်တဲ့ အင်ဆူ လင်ဓါတ်ထုတ်မှုကို အထောက်အကူဖြစ်စေ ပိုကောင်းစေတာကြောင့် ဆီးချိုရောဂါရှင်များအနေနဲ့ ကြက်သွန်ဖြူကို ဒီတိုင်း(ဒါမှမဟုတ်)ကြက်သွန်ဖြူရေနွေး ကြမ်းကို နေ့စဉ် စားသုံးပေးသင့်ပါတယ်။
 
(၆)သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်
 
နေ့စဉ် ကြက်သွန်ဖြူ နှစ်မြွှာ သုံးမြွှာကို စားသုံးပေးခြင်းအားဖြင့် blood pressure (သွေးပေါင်ချိန်)ကို ပုံမှန်levels ဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။

(၇)အဆစ်နာတာတွေကို သက်သာစေ
 
အဆစ်အမြစ်နာကျင်တာတွေအတွက်လည်း ကြက်သွန်ဖြူက အစွမ်းထက်ဆေး တစ်လက်ဖြစ်ပါတယ်။ကြက်သွန်ဖြူဆီက အဆစ်အမြစ်နာကျင်တာတွေကို သက် သာစေပါတယ်။အရိုးအဆစ်ယောင်ယမ်းတာနဲ့အဆစ်ရောင်နာရောဂါတို့ကြောင့် ခံစားနေရတဲ့ နာကျင်မှုတွေအတွက် ကြက်သွန်ဖြူဆီကို နေ့စဉ် လိမ်းပြီး နှိပ် နယ်ပေးခြင်းအားဖြင့် သက်သာစေမှာဖြစ်ပါတယ်။

Credit 


31 Jan 2017     1,561 Views




RELATED

Most Popular of Special or Others

Most Popular of Life Style