BEC-TERO TV

ဦးကိုနီလုပ်ကြံခံရမှု နောက်ကွယ်က ကြိုးကိုင်ခဲ့သူဟု ယူဆရသည့် ဦးမြင့်ဆွေအကြောင်း

01 Feb 2017     1,379 Views


ရှေ့နေ ဦးကိုနီကို သတ်ဖြတ် ခဲ့တဲ့ ဦးကြည်လင်းကို စစ်ဆေး မေးမြန်းမှုတွေ အရ ထိုင်းမြန်မာ နယ်စပ်မှာ နေထိုင်သူ ဦးမြင့်ဆွေ ဆိုသူက သူ့ကို စေခိုင်းခဲ့တယ်လို့ ထွက်ဆိုကြောင်း ပေါက်ကြားလာတဲ့ ရဲစစ်ဆေးမှု စစ်ချက် တစ်ခု အရ သိရ ပါတယ်။
 
ဦးမြင့်ဆွေ ဆိုသူဟာ မြန်မာမှု အနုပညာရှင် တမ္ပဝတီ ဦးဝင်းမောင်နဲ့ တစ်ရပ်ကွက်တည်း နေထိုင်ခဲ့သူ ဖြစ်တာကြောင့် ဦးဝင်းမောင်ထံကနေ ဦးမြင့်ဆွေအကြောင်း မေးမြန်ခဲ့ရာတွင်..။ 
 
ဦးမြင့်ဆွေရဲ့ ဖခင်နဲ့ ဦးဝင်းမောင်တို့က သူငယ်ချင်း ဖြစ်ပေမယ့် သူတို့က စီးပွားရ်ေသမားတွေ ဖြစ်လို့ သိပ်အဆက်အဆံ မရှိခဲ့ဘူးလို့ ဦးဝင်းမောင်က ပြောပါတယ်။ ဦးမြင့်ဆွေဟာ စီးပွားရေး ချောင်လည်တဲ့ ရှေးဟောင်းပစ္စည်း မှောင်ခိုရောင်းဝယ်သူ တစ်ယောက် ဖြစ်ပြီး မိသားစုက သူ့ကို သေပြီလို့ မှတ်ယူ ထားသူဖြစ် ပါတယ်။ သူက ပစ္စည်းအတု လုပ်တာ တော်လွန်းတဲ့ အတွက် စင်္ကာပူနဲ့ ဂျာမနီ နိုင်ငံက ပြတိုက်တွေမှာ ဦးမြင့်ဆွေရဲ့ ပစ္စည်းတွေကို ရှေးဟောင်း ပစ္စည်းတွေအဖြစ် ပြသထားခဲ့တယ်လို့လည်း သူက ပြောပါတယ်။
 
ဒါတင်မက ဦးဝင်းမောင်၏ ကားနဲ့ အရောင်တူ၊ အမျိုးအစားတူကို ဦးမြင့်ဆွေက ဝယ်သုံးပြီး သူသွားခဲ့ဖူးတဲ့ ကျေးရွာတွေမှာ ဦးဝင်းမောင် ကစေလွှတ်တဲ့ ပုံစံနဲ့ ရှေးဟောင်း ပစ္စည်းတွေ လိုက်လံ ဝယ်ယူခဲ့တယ် လို့လည်း ဦးဝင်းမောင်က ပြောပါတယ်။
 
ဦးမြင့်ဆွေက ထိုင်းနိုင်ငံကို သွားရောင်းချခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေကို ဝယ်ယူခဲ့သူတွေက အဲဒီပစ္စည်းတွေဟာ အစစ်အမှန် မဟုတ်တဲ့ အတွက် လာရောက်ဖြေရှင်းဖို့ ခေါ်တာကို သွားရောက်ခဲ့ပြီး ပြန်ရောက်မလာတဲ့ အတွက် ဇနီးဖြစ်သူက ရဲကို တိုင်ကြားပြီး စုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းဘက်က မကျေနပ်တဲ့ အတွက် အသတ်ခံရလို့ သေဆုံးသွားပြီလို့ ရဲအဖွဲ့နဲ့ မိသားစုက ဆုံးဖြတ် သတ်မှတ်ခဲ့ကြကြောင်း ဦးဝင်းမောင်က ပြောပါတယ်။
ဦးမြင့်ဆွေဟာ နိုင်ငံရေးကို စိတ်ပါဝင်စားမှု မရှိသလို ပါဝင်ပတ်သက်ခဲ့ဖူးခြင်းလည်း မရှိဘူးလို့ ပြောပြခဲ့ပါတယ်။
 
Credit:BBC

01 Feb 2017     1,379 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS