ဦးကိုနီ လုပ်ကြံခံရမှုနောက်ကွယ်မှ ကြိုးကိုင်သူ မြင့်ဆွေကို မိပြီ
01 Feb 2017 2,248 Views

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုမှ ကွင်းဆက်တရားခံဖြစ်သူ မြင့်ဆွေကို မြ၀တီတွင် ဖမ်းဆီးရမိထားကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ “ဟုတ်ပါတယ်။ မြ၀တီမှာ မိတာပါ။ လက်ရှိ အဲဒီမှာပဲ ချုပ်ထားတယ်။ ရန်ကုန်ကို ဒီနေ့(ဖေဖော်ဝါရီ ၁)မှာ လွှဲမယ်”ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကံဝင်းက အတည်ပြုပြောကြားသည်။
လက်ရှိတွင် မြ၀တီ၌ CID က စစ်ဆေးလျက်ရှိကြောင်း မြ၀တီမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတဦးက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြောကြားသည်။
Credit : news watch







