BEC-TERO TV

2နှစ်ကျော်ပရိတ်သတ်တွေ စောင်မျှော်နေတဲ့ လေးဖြူ ရဲ့ ဒိုင်ယာရီ ဒီဗီဒီ

02 Feb 2017     1,292 Views


၂၀၁၄ ဒီဇင်ဘာက ထွက်ရှိခဲ့ တဲ့ လေးဖြူ ရဲ့ ဒိုင်ယာရီ အော်ဒီယိုစီဒီ ဟာ ၂နှစ်ကျော်ကြာပြီး အခု ဖေဖော်ဝါရီလထဲမှာ ဒီဗီဒီထွက်ရှိမှာလဲ ဖြစ်ပါတယ်။ ဒိုင်ယာရီ တေစီးရီး ဒီဗီဒီကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ဖြန့်ချီမှာလဲ ဖြစ်ပါတယ် ။

ဒီဗီဒီမှာ သီချင်း စုစုပေါင်း ၁၁ ပုဒ် ပါဝင်ပြီး The Sun Music Production က တစ် နိုင်ငံလုံးသို့ ဖြန့်ချိသွားမျာလဲ ဖြစ်ပါတယ် ။ ဒီဗီဒီ မထွက်ခင် တလလောက်အလို ထဲ က ပါဝင်တဲ့ သီချင်းတွေကို ရုပ်သံလိုင်းတခုမှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြသခဲ့ ပါသေးတယ် ။

ဒိုင်ယာရီ အခွေဟာ လေးဖြူ ရဲ့ ၁၁ ခွေမြောက် တစ် ကိုယ်တော်အခွေဖြစ်ပြီး တေးရေး အသစ်တွေ ရေးသားထားတဲ့ သီချင်းတွေ ပါဝင်ပေမယ့် ပရိသတ်၏ အားပေးမှုရရှိခဲ့တဲ့ အခွေလဲ ဖြစ်ပါတယ်။

အိုင်းရင်းခရော့စ်အဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းရုံးဖြစ်မြောက်ရေး အတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကို ဖေဖော်ဝါရီ ၃ ရက်တွင် မန္တလာသီရိအားကစားကွင်း၌ ပြုလုပ် မှာ ဖြစ်တယ်လို့ လဲ သိရပါတယ်။ အထူးအလှူရှင်များ (ထိုင်ခုံ ) အလှူငွေ ၃၀၀၀၀ ကျပ် ၊ (ထိုင်ခုံ ) ၂၀၀၀၀ကျပ် ၊ (ခုံမဲ့ ) ၈၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရပါတယ် ။

Credit:7Day


02 Feb 2017     1,292 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment