၁၀၀ ရာခိုင်နှုန်းစတေကာကပ် မော်တော်ယာဉ်များအား စတင်အရေးယူပြီ
02 Feb 2017 1,727 Views

ယခုလ ဖေဖော်ဝါရီ လဆန်းပိုင်းမှစတင်ကာ ၁ဝဝ ရာခိုင်နှုန်း အနက်ရောင် စတေကာများ ကပ်ထားသည့် ယာဉ်များကို စီမံချက်ဖြင့် ဖမ်းဆီးအရေးယူသွားမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်များကို နေအရမ်းပူချိန်တွင် နေရောင်ကြောင့် ရှေ့မြင်ကွင်းကို ကြည့်ရန် အခက်အခဲ ရှိခြင်း၊ ယာဉ်ထဲတွင် တစ်နေ့လုံး နေပူခံရပြီး အရေပြားနေလောင်သည့် ပြဿနာရှိခြင်းတို့ကြောင့် အနက်ရောင် ၄ဝ ရာခိုင်နှုန်း မှ ၆ဝ ရာခိုင်နှုန်းအထိ ပါဝင်သော စတေကာ
များကိုသာ မှန်များတွင်ကပ်ရန် တရားဝင်ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။ သို့သော် အချို့ယာဉ်များတွင် ၁၀၀ ရာခိုင်နှုန်း စတေကာများကို တွေ့ရှိနေခဲ့ရသည့်အတွက် မြင်ကွင်းမရှင်းလင်းသည့် ပြဿနာများကြောင့် အမှုအခင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ၁၀၀ ရာခိုင်နှုန်း စတေကာပါ မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူသွားမည် ဖြစ်သည်။
အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အနက်ရောင် ၁ဝဝ ရာခိုင်နှုန်း ပါဝင်သည့် စတေကာများကို စက်များအသုံးပြု၍ တိုင်းတာစစ်ဆေး ဖမ်းဆီးသွားမည်ဖြစ်ပြီး ဖမ်းဆီးခံရသည့် ယာဉ်ပိုင်ရှင်များကို ငွေဒဏ်ချမှတ် အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အနက်ရောင်မဟုတ်ဘဲ အခြား အရောင်ပြန်ပါဝင်သည့် စတေကာများ ကပ်ထားသည့် ယာဉ်များကိုလည်း စီမံချက်ဖြင့် ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။၏
Credit:myanmartimes







