BEC-TERO TV

ခံတွင်းရနံ့ ဆိုးခြင်းကို ကာကွယ်နည်း

02 Feb 2017     1,625 Views


မေးခွန်းက ရိုးရိုးလေးပါ။ သင့်လုပ်ဖော် ကိုင်ဖက် သို့မဟုတ် သင့်မိတ်ဆွေ တစ်ယောက် ယောက်မှာ ခံတွင်းက အနံ့ဆိုး ထွက်နေတယ် ဆိုရင် သင်က သူတို့ကို ပြောပြမလား။ အခြားလူတွေ အားလုံးကိုပဲ သင်ရဲ့ အဖြေဟာလည်း "မပြောပါဘူး" လို့ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ ဒီလိုဆိုရင် သင့်ခံတွင်းက အနံ့ဆိုး ထွက်နေတယ် ဆိုရင်လည်း ဘယ်သူကမှ သင့်ကို ပြောပြမှာ မဟုတ်ဘူးပေါ့။

ခံတွင်းရနံ့ ဆိုးခြင်းရဲ့ ဖြစ်စဉ်က ခံတွင်း အတွင်းမှာ စားကြွင်စားကျန်နဲ့ ကလာပ်စည်း အသေတွေကို စားသုံးတဲ့ ဗက်တီးရီးယားက ထုတ်လုပ်တဲ့ အငွေ့ ပျံလွယ်တဲ့ ဆာလဖာ ဒြပ်ပေါင်း တွေကြောင့် ဖြစ်ပါတယ် ။ သာမန် ပလုတ်ကျင်း ဆေးရည်၊ သွားတိုက် ဆေးနှင့် ခံတွင်းဖြန်းဆေး တို့ဟာ ခံတွင်းရနံ့ ဆိုးကို မွှေးရနံ့နဲ့ ဖုံးလိုက် တာဖြစ်တဲ့ အတွက် ကြာရှည် မခံပါဘူး။

Closys ၊၊ ဆိုတဲ့ ဒြပ်ပေါင်းကတော့ ဆာလဖာ ဒြပ်ပေါင်း တွေကို ဖယ်ရှားလိုက်ပြီး သန့်ရှင်းတဲ့ ခံတွင်း ရနံ့ကို လျင်မြန်စွာ ဖြစ်ပေါ် စေပါတယ်။ ခံတွင်းထဲက ဗက်တီးရီးယား ကိုလည်း သေစေပါတယ်။ ဒါကြောင့် ခံတွင်းရနံ့ဆိုး ပြဿနာ ရှိသူတွေ သွားတိုက်ဆေး ဝယ်မယ်ဆိုရင် နောက် ဘက်က ပါဝင် ပစ္စည်းများကို သေချာ ဖတ်ပြီးမှ ဝယ်ပါ။

Credit : health.thithtoolwin


02 Feb 2017     1,625 Views




RELATED

Most Popular of Special or Others

Most Popular of Life Style