နေ့ဈေးတန်းနှင့် ညဈေးတန်းကို ပုစွန်တောင်မြို့နယ်တွင် ယခုလအတွင်း ထပ်မံဖွင့်လှစ်မည်
03 Feb 2017 1,829 Views

ရန်ကုန်တိုင်းဒေသကြီး၊ပုစွန်တောင်မြို့နယ် ၅၂ လမ်း(အထက်ဘလောက်)တွင် နေ့ဈေးတန်းနှင့် ညဈေးတန်းကို ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ပုစွန်တောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းထံမှ သတင်းရရှိသည်။
အဆိုပါနေရာတွင် နေ့ဈေးတန်းအဖြစ် နံနက် (၆ နာရီ) မှ နေ့လည် (၁၁ နာရီ)ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ညဈေးတန်းကို ညနေ (၃ နာရီ)မှ ည (၁၁ နာရီ)ထိ ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် ဈေးရောင်းနေသူများအား စနစ်တကျစာရင်းပြုစုလျှက်ရှိရာ ရောင်းချနေသူ ၃၀၀ ခန့် ရှိနေပြီဖြစ်သည်။
ဆိုင်ခန်းအရွယ်အစားများမှာ ၄ ပေ ပတ်လည်နှင့် ၈ ပေ ပတ်လည် အမျိုးအစားများဖြစ်ပြီး နေ့ဈေးတန်းနှင့် ညဈေးတန်းတွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ အမှန်တစ်ကယ် ဈေးရောင်းချမည့်သူများကိုသာ စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source:မြစ်မခမီဒီယာ







