BEC-TERO TV

ရဲတပ်ဖွဲ့များနှင့် ထောက်လှမ်းရေးအဖွဲ့များ၏ အရည်အသွေးနိမ့်ကျကြောင်း တရားလွှတ်တော်ရှေ့နေ တစ်ဦး ပြောကြား

03 Feb 2017     2,381 Views


ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် NLD ပါတီဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်းက လုံခြုံရေးတာဝန်ယူထားသော ရဲတပ်ဖွဲ့များ အရည်အချင်းမရှိတဲ့အတွက် အရည်အချင်းရှိသော နိုင်ငံသားများ လုပ်ကြံခံရခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောဆိုခဲ့ပါတယ်။
 
ယခုလိုအဖြစ်အပျက်များ ဖြစ်ပွားခဲ့ပြီးနောက် ပြည်သူရွေးချယ်တင်မြောက်ထားသော အစိုးရတွင် စစ်ဆေးပိုင်ခွင့် အာဏာမရှိပဲ ကာကွယ်ရေးဦးစီးချုပ်၏ လက်အောက်တွင် ရောက်ရှိနေသဖြင့် လက်ရှိအစိုးရအနေနှင့် လုပ်ကိုင်ဆောင်ရွက်ခွင့်မရကြောင်း ပြောဆိုခဲ့ပြီး ရဲတပ်ဖွဲ့များနှင့် ထောက်လှမ်းရေးအဖွဲ့များသည် နိုင်ငံရေးသမားနှင့် ဆန္ဒပြသူများကို ဖမ်းဆီးရန်သာ အသုံးကျကြောင်း ပြောဆိုခဲ့သည်။
 
Credit:DVB
 

03 Feb 2017     2,381 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS