BEC-TERO TV

ကဗျာစာအုပ်ထွက်မယ့် ပိုပို

03 Feb 2017     1,325 Views


ကဗျာရေးရတာ ကြိုက်နှစ်သက်တဲ့ ပိုပို ဟာ အခြားဝါသနာတူ ကဗျာရေးတဲ့ အနုပညာရှင်များစွာရဲ့ ကဗျာတွေ ပါဝင်မယ့် ကဗျာစာအုပ်ကို ဖေဖော်ဝါရီလကုန်မှာ ထွက်နိုင်အောင်ကြိုးစားနေပါတယ်။ ကဗျာစာအုပ်ရောင်းလို့ရတဲ့ ငွေများကိုလည်း အသက်ကြီးပြီး နွမ်းပါးနေတဲ့ ကဗျာဆရာတွေကို ပြန်လှူသွားမှာ ဖြစ်ပါတယ် ။

စာအုပ်ထဲမှာ ကိုယ်တိုင်ရေးထားတဲ့ ကဗျာတွေ ပါဝင်သလို ဝါသနာတူ ကဗျာရေးတာကြိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ကဗျာများ၊ နေတိုးရဲ့ ကဗျာများ၊ စိုးမြတ်သူဇာနဲ့ ဒါရိုက်တာသြရစတို့သာမက အခြား ကဗျာရေးတာ ကြိုက်နှစ်သက်တဲ့ အနုပညာရှင်များဆီက ကဗျာများကိုလည်း တောင်းထားတယ်လို့ သိရပါတယ်။

ကဗျာစာအုပ်ကို ငွေကျပ် (၃၅၀၀)ခန့်နဲ့ ရောင်းချသွားမှာဖြစ်ပြီး မှော်ဆရာမ စာအုပ်တိုက်ကထုတ်လုပ်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကဗျာတွေ ကအပုဒ် ၂၀ ကျော် ရှိပြီး ပိုပိုကိုယ်တိုင် ရေးထားတဲ့ ကဗျာတွေ ကတော့ များတယ်။

စာ အုပ်မှာ မေတ္တာနဲ့ပတ်သက် တဲ့အကြောင်းကို ထည့်မှာပါ။ ပိုပို က တာရာမင်းဝေ စာအုပ်အရမ်း ဖတ်တယ်။ ငယ်ငယ်က မော်ဒန် ဆိုပြီး ရေးချင်တာတွေ ရေးထား တယ်။ အဓိကကတော့ ကိုယ်ခံ စားရတာလေးကိုတွေကို ပုံဖော် ပြီး ရေးဖြစ်တာပါ စာအုပ်ထဲမှာတော့ အနုပညာရှင်နဲ့ ကဗျာဆရာဦးရေ တစ်ရာကျော် ပါဝင်ထားတယ်လို့ လဲပြောထားပါတယ် ။

Credit:7Day


03 Feb 2017     1,325 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment