မြန်မာအလုပ်သမား ၃ ဦး ဆယ်ဘီးကားတိုက်၍ နေရာတွင်သေဆုံး၊ ကားမောင်းသူ ထွက်ပြေး
03 Feb 2017 1,504 Views

ဖေဖော်ဝါရီ ၃ ရက် (ယနေ့) နံနက်ပိုင်းက စက်ရုံသို့ အလုပ်သွားရန် စက်ဘီးစီးလာသော မြန်မာအလုပ်သမား ( ဦး) ဆယ်ဘီးကားတိုက်၍ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
မောင်နှမနှစ်ဦးဖြစ်သည့် မောင်တင်ကျော်မိုး အသက်(၂၈)နှစ်၊ မငြိမ်းငြိမ်းစိုး အသက်(၂၄)နှစ် နှင့်တစ်ကွ မောင်အောင်ပြည့်ဝင်း (၂၄) နှစ်တို့သည် ထိုင်းနိုင်ငံရှိ နခွန်ပထုန်ဆီစန်ဖန် I.S.A Value Co.ltd ငါးသေတ္တာစည်သွတ်ဗူး စက်ရုံတွင် တရားဝင် MOU နှင့် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများ ဖြစ်ကြပြီး Today Top Star အေဂျင်စီမှ တာဝန်ယူပို့ဆောင်ထားကြသူများ ဖြစ်ကြောင်း သိရှိရသည်။
ဆယ်ဘီးကားမောင်းသူအား လတ်တလောတွင် ဖမ်းဆီးနိုင်ခြင်းမရှိသေးပဲ အမှု
မှန်ပေါ်ပေါက်ရန် AAC အဖွဲ့ မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်ရှိရုပ်အလောင်းများကို ဆေးရုံမှ မီးသဂြိုင်္လ်မည့် ထိုင်းဘုန်းကြီးကျောင်းသို့ သယ်ဆောင်ထားကြောင်း သတင်းရရှိသည်။
Source:ACCမဟာမိတ်အဖွဲ့







