BEC-TERO TV

ဒေါ်လာ ၂ သိန်းကျော်ဖိုးနေအိမ်ဖောက်ထွင်းခံရတဲ့ နီကီမီနပ်ခ်ျ

04 Feb 2017     1,420 Views


ကမ္ဘာကျော် ဟစ်ဟော့ပ်အဆိုတော် နီကီမီနပ်ခ်ျရဲ့ နေအိမ် ဖောက်ထွင်းခံခဲ့ရတာကြောင့် တန်ဖိုးကြီး လက်ဝတ်လက်စားများ ဒေါ်လာ ၂၀၀,၀၀၀ ကျော်ခန့် ပါသွားခဲ့ကြောင်း သိရှိရသည်။
 
အိမ်ဖောက်ထွင်းခံရချိန်တွင် နီကီမီနပ်ခ်ျက အိမ်တွင် မရှိတဲ့အချိန်ဖြစ်ပြီး ဖောက်ထွင်းရေးသမားတွေက တစ်အိမ်လုံးကို ဗြောင်းဆန်အောင် မွှေနှောက်သွားခဲ့သည့်အတွက် ပရိဘောဂပစ္စည်းများ နံရံကပ်ပန်းချီကားများပါ ပျက်ဆီးခဲ့သည့်အပြင် သူမ၏ အဝတ်အစားများကိုလည်း ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။
 
တာဝန်ရှိသူများက အဆိုပါဖောက်ထွင်းမှုကို လုံခြုံရေးကင်းမရာများမှ ပြန်လည်စစ်ဆေးလျှက်ရှိပြီး အခုထိတော့ သံသယရှိသူတွေကို မတွေ့ရသေးပါဘူး။ 
နီကီဟာ ပြီးခဲ့တဲ့လက တစ်နှစ်ကျော်ကြာတွဲလာခဲ့တဲ့ ချစ်သူ မီခ်မေးလ်နဲ့ ပြီးခဲ့တဲ့လက လမ်းခွဲပြတ်စဲထားသူ တစ်ယောက်ဖြစ်ပြီး သူမဟာ တစ်ကိုယ်တည်းပြန်ဖြစ်သွားပြီး အနုပညာအလုပ်တွေကို ရှေ့လျှောက် အာရုံစိုက်သွားတော့မယ်လို့ သူမရဲ့ လူမှုကွန်ယက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
 

04 Feb 2017     1,420 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS