BEC-TERO TV

ကလေးမလေးတစ်ဦး ကစားကွင်းရှိ ရဟတ်ပေါ်မှ လွှင့်စင်သေဆုံးခဲ့သည် ဗီဒီယို

05 Feb 2017     1,614 Views


တရုပ်နိုင်ငံ ချောင်ကျင်းဒေသရှိ ကလေးကစားကွင်း တစ်ခုတွင် ဖေဖော်ဝါရီ ၂ ရက်နေ့က ကလေးမလေးတစ်ဦး အထက်အောက် ချာချာလည်လှည့်နေသော ရဟတ်စီးနေစဉ် ရုတ်တရက် လွှင့်စင်ထွက်သွားပြီး သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့သည်။
 
လာရောက်လည်ပတ်သူတစ်ဦးမှ အမှတ်တရဗီဒီယိုရိုက်နေစဉ် အဆိုပါအဖြစ်အပျက်ကို ဗီဒီယိုဖြင့် မတောတဆ ရိုက်ကူးမိခဲ့ခြင်းဖြစ်သည်။ ဗီဒီယိုထဲတွင် မိန်းကလေးမှာ သူမ၏ ထိုင်ခုံကနေ လျောကျကာ ရဟတ်နှင့် တန်းလန်းချိပ်လျှက် တစ်ပတ်လည်လိုက်သွားပြီးနောက် လွှင့်ထွက်သွားခဲ့ခြင်းဖြစ်သည်။ 
 
မြန်မာနိုင်ငံတွင်လည်း ဘုရားပွဲရာသီများဖြစ်လို့ ချားရဟတ်များ စီးပါက ကလေးသူငယ်များနှင့် မိမိကိုယ်တိုင် အထူးသတိပြု၍ စီးနင်းဖို့ လိုအိပ်ပါတယ်။ ပွဲလမ်းသဘင်များတွင် အများပြည်သူ စီးနင်းနေကြသော ရဟတ်များမှာ လုံခြုံရေးအကာအကွယ် လုံးဝ မရှိသဖြင့် အထူးဂရုပြုရန်လည်း လိုအပ်ပါသည်။
 
ဖော်ပြပါ ဗီဒီယိုတွင် ထိတ်လန့်ဖွယ်ရာ ပုံရိပ်များပါ၍ ကြည့်ရှုသူများ ဆင်ခြင်သင့်ပါသည်။
 
 

05 Feb 2017     1,614 Views




RELATED

Most Popular of Special or Others

Most Popular of NEWS