BEC-TERO TV

တေးစီးရီးအတွက် သိန်း ၂၀၀ အကြွေးတင်ခဲ့လို့ ပရိသတ်ကြီး ဝိုင်းဆပ်ပေးကြပါဆိုတဲ့ 5 Stars လူရွှင်တော်အဖွဲ့

06 Feb 2017     1,660 Views


5 Stars လူရွှင်တော်အဖွဲ့ရဲ့ စုစည်းမှု ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထုတ်လုပ်ခဲ့တဲ့ “5 Stars To Day” တေးစီးရီးကို လူရွှင်တော်ညီအစ်ကိုများဖြစ်ကြတဲ့ ကျင်ဝှက်၊ မျောက်ရှုံး၊ ကြာစိ၊ အောင်မော်၊ အောင်သော်တို့က ပါဝင်သီဆိုခဲ့ကြပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့က ဘိုဘိုအင်တာတိန်းမန့်ကနေ ဖြန့်ချိထွက်ရှိခဲ့ပါတယ်။
 
လူရွှင်တော်များ ဖြစ်သည့်အလျှောက် အမှတ်တရဖြစ်စေရန်သာ ရည်ရွယ်ပြီး ဝါဿနာအလျောက် သီချင်းဆို တေးစီးရီးထုတ်ခဲ့ပေမယ့် အားနည်းချက်များ ရှိနေသည်မှာ မှန်သော်လည်း အကောင်းဆုံးကြိုးစားထာကြောင်း ပြောကြားခဲ့ပြီး၊ အဆိုပါ တေးစီးရီးအတွက် အချိန်နှင့် ငွေကြေး များစွာအသုံးပြုထားခဲ့ပြီး သူငယ်ချင်းများ စုဆောင်းထားသည့် ငွေကြေးများအပြင် အကြွေးသိန်း ၂၀၀ တင်ရှိနေသည့်အတွက် ပရိသတ်ကြီးက အကြွေးဝိုင်းဆပ်ပေးကြပါဦးဟု  ရွတ်နောက်နောက်နှင့် ပြောကြားခဲ့သည်။
 
 
Ref:အိုအေစစ်

06 Feb 2017     1,660 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS