BEC-TERO TV

သရုပ်ဆောင်မလုပ်ဖြစ်တော့ တဲ့ စမိုင်း

06 Feb 2017     1,529 Views


သရုပ်ဆောင်မော်ဒယ် စမိုင်းဟာ အိမ်ထောင်ကျပြီးနောက်ပိုင်း သမီးလေး နှစ်ယောက်နဲ့အမျိုးသားနဲ့ အတူမိသားစုကို အချိန်ပိုပေးဖြစ်ပြီး စီးပွားရေး လုပ်ငန်းတွေကိုပဲ အဓိက လုပ်ကိုင်နေပါတယ်။ အနုပညာ နဲ့ ပတ်သတ်ပြီး သရုပ်ဆောင်မလုပ်ဖြစ်တော့ ပေမယ့် မိသားစု ဓာတ်ပုံရိုက်တာတို့ ၊ Cover ရိုက်တာတို့လောက် တော့လုပ်ဖြစ်ပါသေးတယ် ။အဓိကကတော့ စီးပွားရေး လုပ်ဖြစ်နေပြီး အနုပညာ နဲ့ ပတ်သတ်လို့ အများအကျိုးဆောင်အဖွဲ့တွေနဲ့ ပတ်သတ်လို့ကတော့ ကူညီပေးပါတယ်လို့ ပြောထားပါတယ်။

လက်တလောခေတ်စားနေတဲ့ အကြမ်းဖတ်မှုအပေါ် စမိုင်းရဲ့ အမြင်ကတော့ လူတစ်ယောက်ကို လူလို့ ပဲ မြင်စေချင်တယ် facebook မှာဆိုအရမ်း share နေတဲ့ ဟာဆို မ Share ဘူး အရမ်း share လွန်အားကြီးရင် ဒီမိသားစု တွေ့နေရင် ပိုပြီးဝမ်းနည်းမယ် ။ ပိုပြီး စိတ်ထိခိုက်မယ်လို့ မြင်မိတဲ့ အတွက် တက်နိုင်သလောက် ရှောင်ပါတယ်လို့ သူမရဲ့ အမြင်ကို ပြောသွားခဲ့ ပါတယ်။

Credit:Oasis


06 Feb 2017     1,529 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment