BEC-TERO TV

ဖြတ်ဆက်ပြုပြင်မှု ပြုလုပ်ထားသော မော်တော်ယာဉ်များအား မတ်လမှစ၍ မှတ်ပုံတင်ခွင့်ပြုမည်မဟုတ်တော့

06 Feb 2017     1,425 Views


ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားရေးဦးစီးဌါန (က.ည.န) ကနဦး မော်တော်ယာဉ်မှတ်ပုံတင်ဌါနမှ ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ် မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပေးကြေညာချက်တစ်ခုကို ဖေဖော်ဝါရီ ၆ ရက် နေ့တွင် မော်တော်ယာဉ် တင်သွင်းသူများသိရှိစေရန် ထုတ်ပြန်ကြေညာခဲ့သည်။
 
ကြေညာချက်တွင် (၁.၃.၂၀၁၇) ရက်နေ့မှစ၍ ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များ ကနဦးစစ်ဆေးရာတွင် ဘောင်အမှတ်/ကိုယ်ထည်အမှတ် (Chassis Number) ပါသောနေရာအားဖြတ်၍ ဖောက်ထည့်ခြင်း၊ မူလစက်ရုံထုတ် ဘောင်အမှတ်/ကိုယ်ထည်အမှတ်ပုံစံမျိုး မဟုတ်ဘဲ ပြန်ရိုက်ထားခြင်းများကို စီစစ်တွေ့ရှိပါက ယာဉ်မှတ်ပုံတင်ခြင်းအား ခွင့်ပြုပေးတော့မည် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။
(အဆိုပါ ပြင်ဆင်ထားသည့် ယာဉ်များအား ဒဏ်ကြေးကောက်ခံပြီး မှတ်ပုံတင်ခွင့်ပြုပေးခြင်းကို (၂၈.၂.၂၀၁၇) ရက်နေ့အထိသာ ဆောင်ရွက်ပေးပြီး (၁.၃.၂၀၁၇) ရက်နေ့မှစ၍ မှတ်ပုံတင်ခြင်းအား ခွင့်ပြုတော့မည် မဟုတ်ပါ)
ဟု ကြေညာချက်တစ်ခု ထုတ်ပြန်ဖော်ပြခဲ့သည်။
 

06 Feb 2017     1,425 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS