BEC-TERO TV

ဈေးသည်တွေကို မျက်စိလည်အောင် လိုက်လိမ်စားနေတဲ့ အဖွားအို

06 Feb 2017     1,274 Views


ဈေးသည်တွေဆီက ဈေးဝယ်ပြီးတဲ့အခါ ပိုက်ဆံအရွက် ကြီးကြီးပေးပြီး ပြန်အမ်းတဲ့အခါ ဈေးသည်ကို အာရုံရှုပ်အောင် လုပ်ပြီး လက်တစ်ဖက် ပိုက်ဆံအချို့ကို နှိုက်ထားပြီးနောက် ပြန်အမ်းငွေ မပြည့်ကြောင်း စောဒကတက်ပြီး ထပ်တောင်းပါတယ်။
 ဒီလိုမျိုးပဲ အခြား ဈေးသည်တွေကိုလည်း ပိုက်ဆံ ပေးမည့်ဟန်ပြုပြီးမှ မပေးသေးပဲ ဈေးသည်အလုပ်ရှုပ်နေချိန်မှာ ပိုက်ဆံကို ပြန်သိမ်းထားလိုက်ပြီး ဝယ်ထားသည့် ပစ္စည်းကို ယူကာ ငွေပြန်အမ်းဖို့ ဈေးသည်ကို ပြောခဲ့ရာ ဈေးသည်မှ သိသော်လည်း အသက်ကြီးနေသူ ဖြစ်သည့်အတွက် အငြင်းမပွားပဲ ပိုက်ဆံအမ်းပေးခဲ့သည်။
 
စင်ကာပူနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက် ဖြစ်ပြီး ရဲကို တိုင်ကြားပါက ပြစ်ဒဏ်ချမှတ်ခံရမည် ဖြစ်သော်လည်း အသက်အရွယ်ကြီးသူ ဖြစ်သဖြင့် ရဲတိုင်ကြားခြင်း မပြုခဲ့ပေ။ သို့သော် ထိုအဖွားအိုအား ဈေးဆိုင်ရှင်များ သတိထားမိရန် ဗီဒီယိုကို အွန်လိုင်းတွင် မျှဝေခဲ့သည်။
 
ဖော်ပြပါ ဗီဒီယိုနှစ်ခုမှာ မတူညီသော နေရာနှစ်ခုရှိ ဈေးဆိုင်အသီးသီးတွင် လိမ်လည်ခဲ့သော စီစီတီဗီ မှတ်တမ်းများဖြစ်သည်။
 
 
Ref:stomp

 


06 Feb 2017     1,274 Views




RELATED

Most Popular of Special or Others

Most Popular of NEWS