BEC-TERO TV

တောင်ငူမြို့ ဓါးချက်ပေါင်းများစွာနှင့် လူသတ်မှုအား ၁၃ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးမိ

07 Feb 2017     2,073 Views


ဖေဖော်ဝါရီ ၅ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် တောင်ငူမြို့ရှိ သာသနာ့ဗိမာန် ဘုန်းကြီးကျောင်းတောင်ဘက်၊ မြစည်းခုံဘုရားဈေးလမ်းပေါ်တွင် အမျိုးသမီးတစ်ဦး ဓါးဒဏ်ရာများနှင့် တွေ့ရှိခဲ့သဖြင့် တောင်ငူဆေးရုံ အရေးပေါ်ဌါနသို့ ပို့ဆောင်ခဲ့ရကြောင်း သတင်းရရှိခဲ့သဖြင့် စခန်းမှူး ရဲအုပ်တင်ဦး၊ တာဝန်မှူး ရဲအုပ်နေလင်းအောင်တို့ အဖွဲမှ သွားရောက် စစ်ဆေးခဲ့သည်။
 
အမျိုးသမီး၏  ဦးခေါင်း ငယ်ထိပ်၊ ဝဲဘက် နဖူး၊ ဝဲဘက် နားနောက်၊ ဝဲဘက် နို့အုံ၊ ယာဘက် ပါးနှင့် ယာဘက် ပေါင်ရင်းတို့တွင် ပြတ်ရှဒဏ်ရာများနှင့် စိုးရိမ်ရသောအခြေအနေ တွေ့ရှိရပြီးနောက် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။ 
သေဆုံးသူမှာ အိန္ဒိယနွယ်ဖွား မဥမ္မာခိုင်(ခ)ရချီတာ (၃၂ နှစ်) ဆိုသူဖြစ်ပြီး (၁၂)ရပ်ကွက် မြစည်းခုံဘုရားလမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။
 
 
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် အမျိုးသားတစ်ဦးနှင့်အတူ စက်ဘီးစီးလာစဉ် ကျောင်းရှေ့ ဝံသာနုလမ်းပေါ်အရောက်တွင် စကားများရန်ဖြစ်ကြရာ အမျိုးသားမှ ဓါးဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့ကြောင်း ဘုန်းကြီးကျောင်းဝန်းအတွင်း နေထိုင်သော ဇေယျာမြင့်ဝင်း ဆိုသူမှ ထွက်ဆိုခဲ့သည်။
 
 
တရားခံဟု ယူဆရသောအမျိုးသားဆိုသူအား ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေဖော်ထုတ်ခဲ့ရာ ဦးတိပွား(ခ)တင်အောင်စိုး (၃၅ နှစ်) ဆိုသူဖြစ်ကြောင်း သိရှိခဲ့ရပြီး လိုက်လံပိတ်ဆို့ရှာဖွေရာ ဖေဖော်ဝါရီ ၆ ရက် နံနက် ၉ နာရီခန့်တွင် ကျုံးပတ်လမ်းရှိ ရွှေဝါ စက်သုံးဆီအရောင်းဆိုင်ရှေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
 
Source:အောင်အောင်ခိုင်
 

07 Feb 2017     2,073 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS