BEC-TERO TV

လင်မယားနှစ်ယောက် မတွေ့ရတဲ့ရက်တွေအများကြီး ဆိုတဲ့ အိန္ဒြာကျော်ဇင်

07 Feb 2017     1,365 Views


အနုပညာအလုပ်တွေကို အပြိုင်လုပ်နေကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ဟာ သားသမီးနှစ်ယောက်နဲ့ လူတိုင်းအားကျရတဲ့ မိသားစုလေးဖြစ်ပါတယ်။ ခင်ပွန်း ဖြစ်တဲ့ ပြေတီဦး ဟာ ကလေးတွေ အပေါ်လဲ ဖခင်တစ်ယောက်အနေနဲ့ ပိုက်ဆံရှာတာကော ၊အခြားအလုပ်တွေကော ၊ ကလေးတွေ အပေါ်မှာရော လစ်ဟင်းမှုမရှိအောင် အရမ်းကြိုးစားပါတယ် ။

နှစ်ယောက်လုံးက အလုပ်တွေ အရမ်းရှုပ်တဲ့ အတွက် မတွေ့ဖြစ်တဲ့ ရက်တွေ အများကြီး ရှိပါတယ်လို့ ပြောထားပါတယ် ။အူဝဲ အနေနဲ့ ကတော့ နှစ်ဖက်မျှအောင် လုပ်ရတယ် ။ တဖက်က ပရိတ်သတ် အတွက် တာဝန်ကျေချင်တယ် တစ်ဖက်မှာလဲ ကလေးတွေကို အချိန်ပေးချင် တဲ့ အတွက် အနုပညာအလုပ်တွေကို အရင်ကလောက် အချိန်မပေးနိုင် ပေမယ့် ရတဲ့ အချိန်လေးမှာ အကောင်းဆုံးလုပ်နေပါတယ် ။

ပြေတီဦး ရဲ့ပရဟိတ တွေကိုလဲ ကိုယ်တိုင်ဦးစီးပြီးမလုပ်နိုင်လို့ ၁၀၀ ရာခိုင်နှုန်း စိတ်အားထက်သန်စွာနဲ့ ပဲ ပံ့ပိုးဖြစ်ပါတယ် ။ ပရဟိတတွေကိုလဲ ၀ါသနာပါတယ် လိုအပ်တဲ့ သူတွေကို ဖြည့်ဆည်းပေးရတာ စိတ်ကျေနပ်တယ်လို့ ပြောထားပါတယ် ။ဖောင်ဒေးရှင်းလေးကလဲ တိုးတက်မှု ရှိတယ် ဆေးဘက်ကနေ အောဒီထွက်တဲ့ ကလေးတွေ အများကြီးပေါ်လာတော့ ပင်ပန်းရကျိုးလဲ နပ်ပြီး ပီတိဖြစ်ရပါတယ် ။

ရန်ပုံငွေ ပွဲလေးမှာလဲ ကူညီပေးကြတဲ့ အနုပညာရှင်မောင်နှမတွေကို အထူးကျေးဇူးတင်ပါတယ် ဖောင်ဒေရှင်းလေးဟာ အခုဆို တော်တော်လဲ တောင့် လာပါပြီလို့ ပြောထားပါတယ် ။ အူဝဲ အနေနဲ့ လက်တလောမှာ ကိုယ်ပိုင်ထုပ်လုပ်ရေး ကနေပဲ လေဒီဒိန်းဂျား ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးနေပါတယ်။

Credit:Oasis


07 Feb 2017     1,365 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment