BEC-TERO TV

ကျောင်းထိုင်ဆရာတော်နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား (၄)သန်းကျော် မောင်တောတွင်ဖမ်းဆီးမိ

07 Feb 2017     1,291 Views


စိတ်ကြွရူးသွပ်ဆေးပြား (၄)သန်းကျော်ကို ဘုန်းကြီးကျောင်းအတွင်း ဝှက်ထားသည့် ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးကို ဖေဖော်ဝါရီ ၆ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
 
အရှင်အာစရဟာ ရခိုင်ပြည်နယ် မောင်တော ရွှေဗဟိုရွာကနေ ကားနဲ့ခရီးထွက်လာစဉ် လမ်းတွင် စစ်ဆေးခံရပြီး ကားပေါ်တွင် စိတ်ကြွရူးသိပ်ဆေးပြား ၄ သိန်းကျော် တင်လာကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သူ၏ ကျောင်းကို လိုက်လံစစ်ဆေးရာတွင် သန်းနှင့်ချီသော စိတ်ကြွဆေးပြားများ ဖွက်ထားသည်ကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု  ရဲမှူး ကျော်မြဝင်းက ပြောကြားခဲ့သည်။
 
ပြီးခဲ့သည့် စက်တင်ဘာလတုန်းကလည်း စိတ်ကြွဆေးပြား ၆.၂ သန်းခန့်ကို မောင်တောနယ်မြေအတွင်း တရားခံနှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
 
Ref:CAN
 

07 Feb 2017     1,291 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS