BEC-TERO TV

မှတ်ပုံမတင်သည့် တိုင်းရင်းဆေး၊ ဆေးဝါးအတုနှင့် စံမညီဆေးများ ထုတ်လုပ်ရောင်းချပါက အရေးယူမည်

07 Feb 2017     1,360 Views


တိုင်းရင်းဆေးပညာဦး စီးဌာန၌ မှတ်ပုံတင်ထားခြင်းမရှိ သော တိုင်းရင်းဆေးဝါးများ၊ဆေး ၀ါးအတုများနှင့်အညီ ဆေးဝါးများ ကို ထုတ်လုပ်ရောင်းချခြင်း တွေ့ရှိပါက တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့်ဆေးဆိုင်များကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ တိုင်းရင်းဆေးပညာဦးစီးဌာ န၏ ညွှန်ကြားချက်ကို လိုက်နာ ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥ ပဒေပုဒ်မ ၃၀၊ ၃၂ အရ တရားစွဲ ဆို အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ဖေဖော်ဝါရီ ၅ ရက်စွဲဖြင့် ထုတ်ပြန်သည်။ ထို့အပြင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောတိုင်းရင်း ဆေးဝါးများကို အရည်အသွေး စစ်မှန်မှုနှင့် ဘေးဥပဒ်အန္တရာယ် ကင်းရှင်းမှုရှိ၊မရှိ စစ်ဆေးသည့်အ ခါ နှလုံးအားဆေး၊ ၀မ်းမှန်လေ ဆေးအပါအ၀င် တိုင်းရင်းဆေး ၀ါးခြောက်မျိုးသည် တိုင်းရင်း ဆေးပညာဦးစီးဌာန၌ မှတ်ပုံတင် ထားခြင်းမရှိသောကြောင့် သုံးစွဲ ရန်မသင့်ကြောင်း ကြေညာချက် တွင်ပါရှိသည်။

ဈေးကွက်အတွင်း မှတ်ပုံ တင်ထားခြင်းမရှိသည့် တိုင်းရင်း ဆေးဝါးများ ရောင်းချခြင်း၊ ကြော်ငြာခြင်းများတွေ့ရှိပါက သတင်းပေး တိုင်ကြားနိုင်ကြောင်းနေပြည်တော် တိုင်းရင်းဆေးပညာ ဦးစီးဌာညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ဒေါ်ရီရီမြင့်က ဆေးတက္ကသိုလ် (၁)ရန်ကုန်တွင် ပြုလုပ်သည့် ကျန်းမာရေးနှင့် သက်ဆိုင်သောကြော်ငြာများ ကျင့်ဝတ်နှင့်ညီညွတ်ရန် စကားဝိုင်းဆွေးနွေးခြင်းအစီအစဉ်၌ ထည့်သွင်းပြောကြားထားသည်။

‘‘သေချာစစ်ဆေးပြီး ကျေနပ် မှပဲ မှတ်ပုံတင်ပေးတယ်။ တချို့ ကျတော့ဈေးကွက်ထဲမှာ တရား ၀င်မှတ်ပုံတင်မထားဘဲရောင်းနေ တယ်။ ဒါတွေကို စစ်ဆေးလို့တွေ့ ရင်ဆေးဝါး မှတ်ပုံပြန်တင်ခိုင်း တယ်။ လိုက်နာမှုမရှိရင်အရေးယူ မှုအတွက် တရားစွဲလို့ရတယ်’’ဟု ဒေါက်တာရီရီမြင့်ကဆိုသည်။

ထိုကဲ့သို့ စစ်ဆေးကြပ်မတ် မှုများပြုလုပ်နေသော်လည်းလွတ် သွားသည့်နေရာများလည်း ရှိနိုင်သဖြင့် ပြည်သူများက သတင်းအချက်အလက်များ ပေးပို့နိုင်ကြောင်း၊ တတ်နိုင်သမျှစည်းကမ်းဘောင်အတွင်းမှ ဆောင်ရွက်မည်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ မှတ် ပုံတင်ခြင်းကို အကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း(သို့မဟုတ်) ပယ် ဖျက်ခြင်းပြုလုပ်ထားသော တိုင်း ရင်းဆေးဝါးများ၊ ပျက်စီးတိုင်းရင်း ဆေးဝါးများနှင့် သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်သတ်မှတ်ထားသော တိုင်းရင်း ဆေးဝါးများကို ရောင်းချခြင်းပြု လုပ်လျှင် ကျူးလွန်သည့်ပုဒ်မအ လိုက် ကျူးလွန်သူကို ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်အများဆုံး ငါးနှစ်အထိဖြစ်စေ(သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Credit : 7daydaily


07 Feb 2017     1,360 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS