ကာဘူးလ်မြို့ နှင်းတောင်ထိပ်ပေါ်က ငွေဓားတဝင့်ဝင့်နဲ့သိုင်းကစားတဲ့အာဖဂန် အမျိုးသမီးငယ်လေးများ
07 Feb 2017 1,812 Views

ကာဘူးလ် မြို့ အနောက်ဘက်က နှင်းတောင်ထိပ်ပေါ်မှာ ငွေဓား တဝင့်ဝင့်နဲ့ သိုင်းကစားနေတဲ့ အာဖဂန် အမျိုးသမီးငယ်လေးတွေရဲ့ ပုံရိပ် ဓာတ်ပုံတွေပါ။ တရုတ် ရိုးရာ ဝူရှုး သိုင်း လေ့ကျင့်နေတဲ့ ဒီ အမျိုးသမီးငယ် အဖွဲ့ကို အသက် ၂၀ အရွယ် ဆီမာအဇီမီ ဆိုတဲ့ အမျိုးသမီးငယ်က ဦးဆောင်ပါသတဲ့။ ဆီမာဟာ သိုင်းပညာကို အီရန်နိုင်ငံမှာ လေ့လာသင်ယူခဲ့ပြီး ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေလည်း ရခဲ့ပါတယ်။ ဆီမာ က သူ့ရဲ့ တပည့် သင်တန်းသူတွေ ကိုလည်း နိုင်ငံတကာပြိုင်ပွဲတွေမှာ နိုင်ငံကိုယ်စားပြုပြီး ဆုတံဆိပ် ရယူနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အာဖဂန်နစ္စတန်မှာ သိုင်းအားကစားနည်းဟာ လူကြိုက်များလှပေမယ့် အမျိုးသမီးတွေ အတွက်တော့ အကန့်အသတ် ရှိပါတယ်။ ဒီအဖွဲ့က အမျိုးသမီးတွေကတော့ ဒါရီ စကားပြော ဟာဇာယာ လူမျိုးစုတွေ ဖြစ်ပြီး အစ္စလာမ် ဂိုဏ်းခွဲ ရှီရာ အဖွဲ့ဝင်တွေပါ။ သူတို့ဟာ လူမှုထုံးတမ်းဓလေ့တွေမှာ ပိုမို လွတ်လွတ်လပ်လပ် ရှိကြပြီး အမျိုးသမီးငယ်တွေဟာ အိမ်ပြင်ထွက် အားကစားလေ့ကျင့်ခွင့် ရှိကြပါတယ်။



Credit : BBC Burmese






