BEC-TERO TV

စားသုံးရန်မသင့်သည့် ဂျယ်လီနှင့်အချိုရည် အမှတ်တံဆိပ်များကို ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

08 Feb 2017     1,755 Views


စားသုံးဖို့မသင့်တဲ့ ဂျယ်လီနဲ့ အချိုရည် အမှတ်တံဆိပ်တွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဈေးနဲ့ ကျောင်းမုန့်ဈေးတန်းတွေ ကနေ ၀ယ်ယူစစ်ဆေးခဲ့ပြီး ဂျယ်လီနဲ့ အချိုရည် ၁၁ မျိုးဟာ ခွင့်မပြုဆိုးဆေးတွေနဲ့ အဏုဇီဝသတ်မှတ်နဲ့ ကိုက်ညီမှုမရှိဘဲ စားသုံးဖို့ မသင့်ကြောင်းကို အသိပေးကြေညာလိုက်တာပါ။

ဂျယ်လီနဲ့ အချိုရည် ၁၁ မျိုး အမှတ်တံဆိပ်တွေကတော့ Jelly စားပါ အချိုရည် (ခရမ်းရောင်၊ ပန်းရောင်၊ အနီရောင်)၊ အမှတ်တံဆိပ်မပါ အချိုရည် လိမ္မော်ရောင်၊ Cola အချိုရည် အနီရောင်၊ အမှတ်တံဆိပ်မပါ အချိုရည် (ပန်းရောင်၊ အစိမ်းရောင်)၊ အမှတ်တံဆိပ်မပါ ဝေဖာလုံး၊ Fruit Drink juice အချိုရည် လိမ္မော်ရောင်၊ Pineapple Juice အချိုရည် ခရမ်းရောင်၊ အမှတ်တံဆိပ်မပါ Kitty ရုပ်ပုံပါ အချိုရည် လိမ္မော်ရောင်တို့ ဖြစ်ပါတယ်။

စားသုံးဖို့မသင့်တဲ့ ဂျယ်လီနဲ့ အချိုရည် ၁၁ မျိုးကို ဈေးတွေနဲ့ ကျောင်းမုန့်ဈေးတန်းမှာ ရောင်းချတာတွေ့ရှိပါက အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၈(က)နဲ့ အရေးယူမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာကနေ ထုတ်ပြန်လိုက်ပါတယ်။

Credit “burmese.dvb”


08 Feb 2017     1,755 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS