BEC-TERO TV

ကလေးလေးဘဝ တစ်ခါပြန်ရခဲ့တဲ့ အမေရိကန်သမ္မတဟောင်း အိုဘားမား

08 Feb 2017     1,564 Views


ဒုတိယအကြိမ် အမေရိကန်သမ္မတသက်တမ်း ကုန်ဆုံးပြီးတဲ့နောက်မှာ အိုဘားမားနဲ့ မိသားစုဟာ အိမ်ဖြူတောကို စွန့်ခွာခဲ့ရပြီးနောက် ဗြိတိသျှဗာဂျင်ကျွန်းကို အနားယူ အပန်းဖြေခရီး ထွက်သွားခဲ့ကြပါတယ်။
 
အိုဘာမားဟာ သူသမ္မတမဖြစ်ခင်တုန်းက ဟာဝိုင်ရီက အန္တရာယ်ကြီးမားတဲ့ လှိုင်းလုံးတွေ ကြားမှာ ရေလွှာလျှောစီးခဲ့ဖူးသူဖြစ်တယ်လို့ သူ့ရဲ့ဇနီး မီရှယ်အိုဘားမားက ပြောပါတယ်။ 
 
 
အဲဒါက သူ့အတွက် နောက်ဆုံး ရေလွှာလျှောစီးခွင့်ရခဲ့တာ ဖြစ်ပြီး နောက်ပိုင်း သမ္မတတာဝန် ထမ်းဆောင်ခဲ့တဲ့ ရှစ်နှစ်လုံးလုံးမှာတော့ နိုင်ငံရေးထဲ ခေါင်းနစ်နေခဲ့ရပါတယ်။
 
 
အခုတော့ မိုးပျံစွန်ကို ခိုပြီး ရေထဲမှာ ရေလွှာလျှောစီးတာ သင်ဖို့ အခွင့်အရေး ရခဲ့တဲ့အတွက် သူဟာ အလွန်ပျော်ရွှင်နေခဲ့ပါတယ်။
 
 
နှစ်ရက်လောက် ကျကျနန သင်ယူပြီး ရေထဲမှာ ရေလွှာလျှောစီးနေတဲ့ အိုဘားမာဟာ အခုတော့လည်း ကလေးလေးဘဝကို ပြန်ရခဲ့သလို လွပ်လပ်ပေါ့ပါး ပြုံးရွှင်နေပါတယ်။
 
 
 
 
အိုဘားမား ရေလွှာလျှောစီးဗီဒီယိုက ယူကျု့မှာ ထိပ်ဆုံးက နေရာယူနေတဲ့ ဗီဒီယိုတစ်ခု ဖြစ်နေပါတယ်။ 
 

08 Feb 2017     1,564 Views




RELATED

Most Popular of International News

Most Popular of NEWS